• Follow Us on
Latest News

Home ဒီမိုကရေစီယဉ်ကျေးမှုပြည့်ဝတဲ့ နိုင်ငံဖြစ်လာစေရေး အရပ်ဘက် – စစ်ဘက် ဆက်ဆံရေးပုံသဏ္ဌာန်အသစ် တစ်ခုကို ပီပီပြင်ပြင် ဖြစ်ပေါ်လာရန် ဆောင်ရွက်ဖို့လိုကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီထုတ်ပြန်

ဒီမိုကရေစီယဉ်ကျေးမှုပြည့်ဝတဲ့ နိုင်ငံဖြစ်လာစေရေး အရပ်ဘက် – စစ်ဘက် ဆက်ဆံရေးပုံသဏ္ဌာန်အသစ် တစ်ခုကို ပီပီပြင်ပြင် ဖြစ်ပေါ်လာရန် ဆောင်ရွက်ဖို့လိုကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
လက်ရှိအချိန်ကာလတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ ပြည့်ဝတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာ အောင်လို့ ကြိုးပမ်းတည်ဆောက်ကြရမည့် အချိန်ကာလတစ်ခုဖြစ်နေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက ယနေ့ ထုတ်ပြန်သည်။
 
မြန်မာနိုင်ငံအား ဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ ပြည့်ဝတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင်လို့ ကြိုးပမ်းတည်ဆောက် ရာတွင် ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အဆောက် အအုံအသစ်တွေ၊ လူမှုဆက်ဆံရေးပုံစံသစ်တွေကို ပြောင်းလဲပြီး တည်ဆောက်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ ရှေ့ဆောင်ပါတီက ထုတ်ပြန်ထားသည်။
 
ထိုအပြင် မြန်မာနိုင်ငံအား ဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ ပြည့်ဝတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင်လို့ ကြိုးပမ်း တည်ဆောက်သည့်ရာတွင် ဒီမိုကရေစီဓလေ့ထုံးတမ်းတွေကိုလည်း လိုက်နာကျင့်သုံးကြရမှာဖြစ်ပြီး ယင်းသို့ ကျင့်သုံးဆောင်ရွက်ရာတွင် မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စသည် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပုံ သဏ္ဌာန်အသစ်တစ်ခုကို ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်လို့ ဆောင်ရွက်ကြရမယ့်ဖြစ်စဉ်ပဲဖြစ်ကြောင်း ပြည်သူ့ ရှေ့ဆောင်ပါတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
 
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းကလဲ လက်ရှိဖြစ်ပေါ်နေသော ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီအရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အလေးအနက်ထားတောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။
 
Photo – Credit
 
#PeopleMedia #PPP
 
(unicode)
…………………………………………..
 
 
 
 
 
 
Photo – Credit
 
#PeopleMedia #PPP

Share this post