• Follow Us on

Home ဒီမိုကရေစီလမ်းကြောင်းပြန်သွားနိုင်ရေး ပံ့ပိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်သစ် ပြောကြား

ဒီမိုကရေစီလမ်းကြောင်းပြန်သွားနိုင်ရေး ပံ့ပိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်သစ် ပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇ (People Media)

 

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပြန်သွားနိုင်ရေးအတွက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်သစ်ပြောကြားလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ထုတ်ပြန်လိုက်သည်။

 

“လှပစိမ်းလန်းစိုပြေတဲ့ ရန်ကုန်မြို့ကို ကျွန်တော် မနေ့က ရောက်ရှိလာပြီဖြစ်ပါတယ်။ ယခုလို အရေးကြီးတဲ့ အချိန်အခါမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားနိုင်ရေးအတွက် ပံ့ပိုးဖို့ ဒိန်းမတ်အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဒီကို လာရောက်ရတာ ဝမ်းမြောက်ပါတယ်” လို့ သံရုံးအကြီးအကဲ က ပြောပါတယ်။

 

ဒိန်းမတ်သံရုံးကို ဦးစီးဆောင်ရွက်မည့် သံရုံးအကြီးအကဲသစ်ဖြစ်သည့် မစ္စတာ Anders Graugaard သည် မြန်မာနိုင်ငံကို ယမန်နေ့က ရောက်ရှိလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သိရသည်။

 

Photo – မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး

 

#PeopleMedia #သံတမန် #မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံး

 

(unicode)


………………………………………………………………………..

 


 


 


 


 


 



Share this post