• Follow Us on

Home ဒီမိုကေရစီသမားမွန္ရင္ မိမိရဲ႕အ႐ံႈးကို ဂုဏ္သိကၡာရွိရွိ ရင္ဆိုင္ရန္ ႏိုင္ငံေရးပါတီအခ်ဳိ႕ကို NLD ပါတီ၏ CEC အဖြဲ႕၀င္ ေဒါက္တာမ်ဳိးညြန္႔ တုန္႔ျပန္

ဒီမိုကေရစီသမားမွန္ရင္ မိမိရဲ႕အ႐ံႈးကို ဂုဏ္သိကၡာရွိရွိ ရင္ဆိုင္ရန္ ႏိုင္ငံေရးပါတီအခ်ဳိ႕ကို NLD ပါတီ၏ CEC အဖြဲ႕၀င္ ေဒါက္တာမ်ဳိးညြန္႔ တုန္႔ျပန္

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၁၀ ၂၀၂၀ ေရြးေကာက္ပြဲအရႈံး/အႏုိင္ရလဒ္ကုိ ဒီမိုကေရစီသမားမွန္ရင္ မိမိရဲ႕အ႐ံႈးကို ဂုဏ္သိကၡာရွိရွိ ရင္ဆိုင္ရန္ ႏိုင္ငံေရးပါတီအခ်ဳိ႕ကို NLD ပါတီ CEC အဖြဲ႕၀င္ ေဒါက္တာမ်ဳိးညြန္႔က ေျပာဆုိလုိက္သည္။ ၂၀၂၀ ပါတီစံုဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီးတရားမွ်တမႈမရွိသည့္ ေရြး ေကာက္ပြဲအျဖစ္ သတ္မွတ္မႈေၾကာင့္ ႏုိင္ငံေရးပါတီအခ်ဳိ႕က ေရြးေကာက္ပြဲရလဒ္ကုိ ကန္႔ကြက္ရန္ ျပင္ဆင္ေနေၾကာင္း People Media ကုိ အတည္ျပဳေျပာဆုိသည္။ ထုိ႔အတူ ႏုိင္ငံေရးပါတီအခ်ဳိ႕သည္ ေရြးေကာက္ပြဲကုိ အသိအမွတ္မျပဳျခင္းေၾကာင့္ အဆုိပါ ပါတီမ်ား၏ ကုိယ္စားလွယ္ေလာင္းမ်ားသည္ ပုံစံ(၁၉)ကုိ လက္မွတ္ေရးထုိးျခင္းမရွိသည့္ျဖစ္စဥ္မ်ား တုိင္းေဒသ ႀကီး/ျပည္နယ္အခ်ဳိ႕၌ ျဖစ္ေပၚလ်က္ရွိသည္။ အဆုိပါ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္ၿပီး People Media က NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔ကုိ ဆက္သြယ္ေမးျမန္းရာ “ဒီမိုကေရစီသမားမွန္ရင္ မိမိရဲ႕အ႐ံႈးကိုဂုဏ္သိကၡာရွိရွိ ရင္ဆိုင္ရဲရပါမယ္။ ကၽြန္ေတာ္တို႔႐ံႈးလည္း ကၽြန္ေတာ္တို႔လည္း ပံုစံ(၁၉)မွာ လက္မွတ္ထိုးပါတယ္။ အကယ္၍လိုအပ္ခဲ့တယ္၊ မဲမသမာမႈရွိတယ္၊ တရာမဲ့ျပဳက်င့္မႈရွိတယ္ထင္ရင္ ၿပီးေတာ့မွသတ္မွတ္ခ်ိန္အတြင္း တိုင္ၾကားတာ လုပ္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဥပေဒအရရင္ဆိုင္ရမွာပါ”ဟု ၄င္းမွေျပာသည္။ ထုိ႔အတူ အမ်ဳိးသားဒီမိုကေရစီအင္အားစုပါတီ(NDF)သည္ လက္ရွိေရြးေကာက္ပြဲျဖစ္စဥ္အေပၚ တရား မွ်တမႈမရွိသည့္ေရြးေကာက္ပြဲအျဖစ္သတ္မွတ္ေၾကာင္း People Media ကုိ ေျပာဆုိခဲ့သည္။ မၾကာမွီ ၎တုိ႔ ပါတီ၏သေဘာထားကုိ ထုတ္ျပန္သြားမည္ေၾကာင္း NDF ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာသည္။ “ဒီေရြးေကာက္ပြဲကေတာ့ ဒီေရြးေကာက္ပြဲမက်င္းပခင္ကတည္းကိုက တရားမမွ်တဘူးလို႔ စြပ္စြဲေနၾကတာ ပါပဲ။ အဲဒီေတာ့ စြပ္စြဲမယ္ဆိုရင္ ခိုင္လံုတဲ့အေထာက္အထားျပပါ။ ခိုင္လံုတဲ့အေထာက္အထားရွိရင္ေတာ့ ဒါကိုစံုစမ္းစစ္ေဆးၿပီးေတာ့ ေတြ႕ရွိခ်က္ေပၚမွာ မူတည္ၿပီးေတာ့ ဆက္လက္လုပ္ကိုင္ရမွာေပါ့။ အေထာက္အထားမရွိရင္ေတာ့ ဒါျပည္သူေတြေပးတဲ့ မဲဟာအတည္ပဲျဖစ္သြားပါလိမ့္မယ္”ဟု NLD ပါတီ CEC အဖြဲ႕၀င္ေဒါက္တာမ်ဳိးညြန္႔ကေျပာသည္။ အလားတူ တိုင္းႏွင့္ျပည္နယ္အခ်ဳိ႕မဲ႐ံုမ်ားတြင္ မဲလက္မွတ္မွားယြင္းမႈမ်ား ျဖစ္ေပၚခဲ့ၿပီး ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္၌ မဲေပးခြင့္ရွိသူထက္ မဲ ၄၆၀၀ ေက်ာ္ ပိုမ်ားေနမႈမ်ားေၾကာင့္ ျပန္လည္စစ္ေဆးမႈမ်ား ျဖစ္ေပၚလ်က္ရွိသည္။

#PeopleMedia #2020election #NLD #Political

(unicode)

ဒီမိုကရေစီသမားမှန်ရင် မိမိရဲ့အရှုံးကို ဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်ရန် နိုင်ငံရေးပါတီအချို့ကို NLD ပါတီ၏ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် တုန့်ပြန်

……………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ၂၀၂၀ ရွေးကောက်ပွဲအရှုံး/အနိုင်ရလဒ်ကို ဒီမိုကရေစီသမားမှန်ရင် မိမိရဲ့အရှုံးကို ဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်ရန် နိုင်ငံရေးပါတီအချို့ကို NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုမရှိသည့် ရွေး ကောက်ပွဲအဖြစ် သတ်မှတ်မှုကြောင့် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ရန် ပြင်ဆင်နေကြောင်း People Media ကို အတည်ပြုပြောဆိုသည်။ ထို့အတူ နိုင်ငံရေးပါတီအချို့သည် ရွေးကောက်ပွဲကို အသိအမှတ်မပြုခြင်းကြောင့် အဆိုပါ ပါတီများ၏ ကိုယ်စားလှယ်လောင်းများသည် ပုံစံ(၁၉)ကို လက်မှတ်ရေးထိုးခြင်းမရှိသည့်ဖြစ်စဉ်များ တိုင်းဒေသ ကြီး/ပြည်နယ်အချို့၌ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး People Media က NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ကို ဆက်သွယ်မေးမြန်းရာ “ဒီမိုကရေစီသမားမှန်ရင် မိမိရဲ့အရှုံးကိုဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်ရဲရပါမယ်။ ကျွန်တော်တို့ရှုံးလည်း ကျွန်တော်တို့လည်း ပုံစံ(၁၉)မှာ လက်မှတ်ထိုးပါတယ်။ အကယ်၍လိုအပ်ခဲ့တယ်၊ မဲမသမာမှုရှိတယ်၊ တရာမဲ့ပြုကျင့်မှုရှိတယ်ထင်ရင် ပြီးတော့မှသတ်မှတ်ချိန်အတွင်း တိုင်ကြားတာ လုပ်ပြီးတော့ ကျွန်တော်တို့ ဥပဒေအရရင်ဆိုင်ရမှာပါ”ဟု ၄င်းမှပြောသည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)သည် လက်ရှိရွေးကောက်ပွဲဖြစ်စဉ်အပေါ် တရား မျှတမှုမရှိသည့်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ကြောင်း People Media ကို ပြောဆိုခဲ့သည်။ မကြာမှီ ၎င်းတို့ ပါတီ၏သဘောထားကို ထုတ်ပြန်သွားမည်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။ “ဒီရွေးကောက်ပွဲကတော့ ဒီရွေးကောက်ပွဲမကျင်းပခင်ကတည်းကိုက တရားမမျှတဘူးလို့ စွပ်စွဲနေကြတာ ပါပဲ။ အဲဒီတော့ စွပ်စွဲမယ်ဆိုရင် ခိုင်လုံတဲ့အထောက်အထားပြပါ။ ခိုင်လုံတဲ့အထောက်အထားရှိရင်တော့ ဒါကိုစုံစမ်းစစ်ဆေးပြီးတော့ တွေ့ရှိချက်ပေါ်မှာ မူတည်ပြီးတော့ ဆက်လက်လုပ်ကိုင်ရမှာပေါ့။ အထောက်အထားမရှိရင်တော့ ဒါပြည်သူတွေပေးတဲ့ မဲဟာအတည်ပဲဖြစ်သွားပါလိမ့်မယ်”ဟု NLD ပါတီ CEC အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်ကပြောသည်။ အလားတူ တိုင်းနှင့်ပြည်နယ်အချို့မဲရုံများတွင် မဲလက်မှတ်မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ချင်းပြည်နယ်၊ တွန်းဇံမြို့ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၌ မဲပေးခွင့်ရှိသူထက် မဲ ၄၆၀၀ ကျော် ပိုများနေမှုများကြောင့် ပြန်လည်စစ်ဆေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ #PeopleMedia #2020election #NLD #Political


Share this post