• Follow Us on

Home ဒီမိုကရေစီအကြောင်းပြ အခြားနိုင်ငံအား စွက်ဖက်တားဆီးခြင်းကို ဆန့်ကျင်ကြောင်း ကုလဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ်ပြောဆို

ဒီမိုကရေစီအကြောင်းပြ အခြားနိုင်ငံအား စွက်ဖက်တားဆီးခြင်းကို ဆန့်ကျင်ကြောင်း ကုလဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ်ပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆ (People Media)

 

ဒီမိုကရေစီအကြောင်းပြ အခြားနိုင်ငံအား စွက်ဖက်တားဆီးခြင်းကို ဆန့်ကျင်ကြောင်း ကုလဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ်က ပြောဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၌ ဖော်ပြထားသည်။

 

အချို့နိုင်ငံများ၏ ဒီမိုကရေစီကို အကြောင်းပြပြီး အခြားနိုင်ငံအား စွက်ဖက်တားဆီးမှုကိုဆန့်ကျင်ကြောင်း ကုလ သမဂ္ဂဆိုင်ရာ(ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန်အခြေစိုက် အခြားနိုင်ငံတကာ အဖွဲ့အစည်းကိုယ်စားလှယ် ချန်ရွှိက အောက်တိုဘာလ ၄ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၈ ကြိမ်မြောက် အစည်းအဝေးတွင် ရုရှား၊ သီရိလင်္ကာ၊ ဘီလာရုဇ်၊ အီရန်၊ ကမ္ဘောဒီးယားစသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

၎င်းမှ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ သမာသမတ်ရှိရေး၊ လွတ်လပ်ရေးသည် လူသားမျိုး နွယ်တစ်ခုလုံး၏ တူညီသည့်စံချိန်တန်ဖိုးဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် ပုံသေပုံကျပုံစံခွက်မရှိသလို မည်သည့် အရာသည်စစ်မှန်သည့် ဒီမိုကရေစီဟူသည်ကို နိုင်ငံအနည်းငယ်က ပြောရုံနှင့်မဆုံးဖြတ်နိုင်ကြောင်း၊ အရေး ကြီးသည်မှာ မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမှုရှိမရှိ ပြည်သူလူထု၏ သဘောဆန္ဒကို ပြသနိုင်မှုရှိမရှိ၊ ပြည် သူ့အကျိုးစီးပွာကို ကာကွယ်ထိန်းသိမ်းခြင်း၊ ပြည်သူ၏ထောက်ခံခြင်းနှင့် နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုရေးဖွံ့ဖြိုးတိုး တက်မှု၊ ပြည်သူလူထုအတွက် အကျိုးဆောင်ကျဉ်းပေးနိုင်မှုရှိမရှိကို ကြည့်ရှုရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

 

ထို့အပြင် အချို့နိုင်ငံများမှာ ဒီမိုကရေစီအရေးတွင် စံချိန်နှစ်မျိုးထား သို့မဟုတ် အမျိုးမျိုးထားပြီး ဒီမိုကရေစီကို အသုံးချ၍ မိမိတန်ဖိုးယူဆချက်နှင့် နိုင်ငံရေးပုံစံကို အခြားသူအား အတင်းအကျပ် ပုံသွင်းခြင်းဖြစ်ရာ ဒီမိုကရေစီ အလံဖြင့် အခြားနိုင်ငံအား စွက်ဖက်တားဆီးခြင်းဖြစ်ကြောင်း ထိုသို့လုပ်ဆောင်သူကိုယ်တိုင်ကဒီမိုကရေစီမဆန် သည့် အပြုအမူဖြစ်ရာ ပိုရှုပ်ထွေးမှု၊ မတည်ငြိမ်မှုများကိုသာဖြစ်စေပြီး နိုင်ငံအသီးသီးပြည်သူများ၏ အခြေခံ အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်ကြောင်း ချန်ရွှိက ပြောကြားသည်။

 

ဆက်လက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဘက်ပေါင်းစုံ ပွင့်လန်းအားကောင်းလာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေ စီအသွင်ပြောင်းလာခြင်းသည် ခေတ်အခါ၏ ရေစီးကြောင်းဖြစ်ရာ နိုင်ငံအသီးသီးအနေဖြင့် စစ်မှန်သည့် နိုင်ငံ ပေါင်းစုံဘက်ပေါင်းစုံဝါဒကို လက်တွေ့ကျင့်သုံးဆောင်ရွက်၍ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအား ပေးဆောင်ရွက်သင့်ကြောင်း၊ ထိုမှတစ်ဆင့် လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်မြှင့်တင်ရမည်ဖြစ် ကြောင်း၊ သဘောထားအတွေးအမြင် စည်းခြားရမည်မဟုတ်သလို ကွဲလွဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုကို တမင်ဖန် တီးရမည်မဟုတ်ကြောင်း၊ နိုင်ငံအသီးသီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်း၍ သာယာလှပသည့် ကမ္ဘာ့အနာဂတ်ကို အတည်တည်ဆောက် သင့်ကြောင်းလည်း ၎င်းမှ ပြောကြားခဲ့သည်။

 

Photo – ဆင်ဟွာ(သတင်းကိုကား-ဆင်ဟွာ)

 

#PeopleMedia #ဆင်ဟွာ #တရုတ်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 



Share this post