• Follow Us on

Home ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားမည်ဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားမည်ဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ (People Media)

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့် စန်မြို့နယ်နှင့် ခိုလမ်မြို့တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ အား ယမန်နေ့တွင် အဆိုပါမြို့နယ်များရှိ မြို့နယ်ခန်းမများ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမများ၌ တွေ့ဆုံ၍ ပြောကြားခဲ့သည်။

“နိုင်ငံရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနဲ့ ဒီမိုကရေ စီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်သွားမှာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေးဟာ အရေးကြီးတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်ကို လည်း ချမှတ်ဆောင်ရွက်လျက်ရှိတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

ပြည်သူများအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ့်ဘဝကိုယ် တိုးတက်အောင် ဆောင်ရွက်နိုင်အောင် တိုင်းပြည်သာ ယာဝပြောရေးနှင့် စားရေးရိက္ခာပေါများရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုးကွယ်ရာ ဘာ သာတရား အဆုံးအမများဖြင့် အားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်နိုင်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် ပညာရေးဆိုင်ရာများကို ယခုထက် ပိုမိုအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်း ပညာရည်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်နေခြင်းမှာ နိုင်ငံ၏ အမျိးသားအကျိး စီးပွားတိုးတက်ရေး၊ တစ်ဦး ချင်း၏ ပညာတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပညာတတ်များပေါကြွယ်ဝခြင်းသည် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံ တကာတွင်လည်း နိုင်ငံအလိုက် ပညာရည်မြင့်မားတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်စေရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။

#PeopleMedia

(unicode)
……………………………………………………………………..






People Media, [2/18/2022 10:36 AM]

#PeopleMedia


Share this post