• Follow Us on

Home ဒီမုိကေရစီအတြက္ NLD မွတစ္ပါး အျခားမရွိေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္၏ ေရးသားခ်က္အေပၚ ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီး၏ တုန္႔ျပန္ခ်က္

ဒီမုိကေရစီအတြက္ NLD မွတစ္ပါး အျခားမရွိေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္၏ ေရးသားခ်က္အေပၚ ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီး၏ တုန္႔ျပန္ခ်က္

Share this post

“ကြ်န္ေတာ္ကေတာ့ အန္ကယ္ဦး၀င္းတင္ရဲ႕ အဆိုအမိန္႔ေလးပဲ ကိုးကားခ်င္ပါတယ္။ အဓိက ကြ်န္ေတာ္တို႔က မင္းတို႔ႏိုင္ငံေရးက ပ်က္မွာဘဲလို႔ ေျပာတာကို ပ်က္မွာစိုးလို႔ ခ်စ္လို႔ ေျပာတယ္လို႔ ေအာက္ေမ့ပါ။ တစ္အ ခ်က္က ရိုးသားပါ မရိုးသားၾကဘူးလို႔ ေထာက္ျပတယ္။ ႏွစ္အခ်က္က ေက်းဇူးရွိတဲ့သူေတြကို မေဖာ္ျပရဲဘူးတဲ့။ အဲ့ဒီႏွစ္ခ်က္ကို မျပဳျပင္ခ်င္ရင္ မင္းတို႔ ႏိုင္ငံေရးကပ်က္မွာပဲလို႔ သတိေပးသြားတာေပါ့ေလ။ ကြ်န္ေတာ္တို႔လည္း ပ်က္မွာကို အင္မတန္ဆိုးပါတယ္။ ကြ်န္ေတာ္တို႔ ဒီေလာက္ေရာက္ေအာင္ အမ်ားႀကီး ျဖတ္သန္းခဲ့ရတာ ေပး ဆပ္ခဲ့ရတာ အန္ကယ္ဦး၀င္းတင္ကိုပဲ ကိုးကားပါရေစ ရိုးသားၾကပါ၊ ေက်းဇူးရွိတဲ့သူေတြကို မထိန္ခ်န္ပါနဲ႔ ရဲရဲႀကီးေဖာ္ျပႏိုင္ေအာင္လည္း ႀကိဳးစားၾကပါလို႔ ေျပာခ်င္ပါတယ္။ NLD တစ္ခုထဲ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲ ေရး လုပ္ႏိုင္တာလားဆိုေတာ့ ကြ်န္ေတာ္ သရက္ေထာင္မွာ ၁၁ ႏွစ္ေလာက္ ေနခဲ့ဖူးတယ္။ ေနခဲ့တဲ့အခါၾက ေတာ့ ေျမလတ္ပိုင္းက NLD ရဲေဖာ္ေတြ ေထာင္က်လာေတာ့ အံ့ၾသတႀကီးနဲ႔ ေျပာဖူးတယ္။ အဲ့တုန္းကလူေတြ က ရိုးတယ္ဗ်။ အဲ့ေတာ့ ကြ်န္ေတာ္တို႔က ထင္ထားတာက ေထာင္ထဲေရာက္ရင္အကုန္လံုးက NLD ေတြ ျဖစ္လိမ့္မယ္လို႔ ထင္ထားတာ အထဲေရာက္ေတာ့မွ NLD က နည္းနည္းေလး ေက်ာင္းသားေတြ KNU ေတြ ဗကပေတြအစရွိတဲ့ ႏိုင္ငံေရးအင္အားစုေပါင္းစံု အက်ဥ္းသားေတြကို ေတြ႕လိုက္ရေတာ့ ေျမလတ္က NLD အဖြဲ႕၀င္တစ္ခ်ဳိ႕က သူတို႔ေတာ္ေတာ္ အံ့အားသင့္သြားတဲ့အေၾကာင္း ကြ်န္ေတာ္တို႔ ေျပာခဲ့ဖူးတယ္။၊ အဲ့ဒါေလး ျပန္ၿပီးေဖာက္သည္ခ်ခ်င္ပါတယ္” ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီး
 
#PeopleMedia #ျပည္သူ႔ပါတီ #ဦးကုိကုိႀကီး #Political
 
(unicode)
ဒီမိုကရေစီအတွက် NLD မှတစ်ပါး အခြားမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ရေးသားချက်အပေါ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၏ တုန့်ပြန်ချက်
…………………………………………………………….
 
“ကျွန်တော်ကတော့ အန်ကယ်ဦးဝင်းတင်ရဲ့ အဆိုအမိန့်လေးပဲ ကိုးကားချင်ပါတယ်။ အဓိက ကျွန်တော်တို့က မင်းတို့နိုင်ငံရေးက ပျက်မှာဘဲလို့ ပြောတာကို ပျက်မှာစိုးလို့ ချစ်လို့ ပြောတယ်လို့ အောက်မေ့ပါ။ တစ်အ ချက်က ရိုးသားပါ မရိုးသားကြဘူးလို့ ထောက်ပြတယ်။ နှစ်အချက်က ကျေးဇူးရှိတဲ့သူတွေကို မဖော်ပြရဲဘူးတဲ့။ အဲ့ဒီနှစ်ချက်ကို မပြုပြင်ချင်ရင် မင်းတို့ နိုင်ငံရေးကပျက်မှာပဲလို့ သတိပေးသွားတာပေါ့လေ။ ကျွန်တော်တို့လည်း ပျက်မှာကို အင်မတန်ဆိုးပါတယ်။ ကျွန်တော်တို့ ဒီလောက်ရောက်အောင် အများကြီး ဖြတ်သန်းခဲ့ရတာ ပေး ဆပ်ခဲ့ရတာ အန်ကယ်ဦးဝင်းတင်ကိုပဲ ကိုးကားပါရစေ ရိုးသားကြပါ၊ ကျေးဇူးရှိတဲ့သူတွေကို မထိန်ချန်ပါနဲ့ ရဲရဲကြီးဖော်ပြနိုင်အောင်လည်း ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ NLD တစ်ခုထဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး လုပ်နိုင်တာလားဆိုတော့ ကျွန်တော် သရက်ထောင်မှာ ၁၁ နှစ်လောက် နေခဲ့ဖူးတယ်။ နေခဲ့တဲ့အခါကြ တော့ မြေလတ်ပိုင်းက NLD ရဲဖော်တွေ ထောင်ကျလာတော့ အံ့သြတကြီးနဲ့ ပြောဖူးတယ်။ အဲ့တုန်းကလူတွေ က ရိုးတယ်ဗျ။ အဲ့တော့ ကျွန်တော်တို့က ထင်ထားတာက ထောင်ထဲရောက်ရင်အကုန်လုံးက NLD တွေ ဖြစ်လိမ့်မယ်လို့ ထင်ထားတာ အထဲရောက်တော့မှ NLD က နည်းနည်းလေး ကျောင်းသားတွေ KNU တွေ ဗကပတွေအစရှိတဲ့ နိုင်ငံရေးအင်အားစုပေါင်းစုံ အကျဉ်းသားတွေကို တွေ့လိုက်ရတော့ မြေလတ်က NLD အဖွဲ့ဝင်တစ်ချို့က သူတို့တော်တော် အံ့အားသင့်သွားတဲ့အကြောင်း ကျွန်တော်တို့ ပြောခဲ့ဖူးတယ်။၊ အဲ့ဒါလေး ပြန်ပြီးဖောက်သည်ချချင်ပါတယ်” ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး
 
#PeopleMedia #ပြည်သူ့ပါတီ #ဦးကိုကိုကြီး #Political

Share this post