• Follow Us on

Home ဒီမော့ဆို တိုက်ပွဲအတွင်း PDF အဖွဲ့များ အကျအဆုံးများစွာဖြင့် တိုက်ပွဲဧရိယာမှ ဆုတ်ခွာနေရ

ဒီမော့ဆို တိုက်ပွဲအတွင်း PDF အဖွဲ့များ အကျအဆုံးများစွာဖြင့် တိုက်ပွဲဧရိယာမှ ဆုတ်ခွာနေရ

Share this post

ဒီမော့ဆို၊ မတ် ၅

 

ကယားပြည်နယ်၊ ဒီမော့ဆိုနယ်တိုက်ပွဲအတွင်း၌ ဒေသခံ PDF အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ PDF ပူးပေါင်းအဖွဲ့များသည် တိုက်ပွဲဧရိယာအတွင်းမှ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးရလျက် ရှိသည်။

 

ဒေသခံ PDF ပူးပေါင်းအဖွဲ့များသည် ဒီမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာ၊ ပူဖားကျေးရွာအနီး၌ ဒေသခံ နေ အိမ်များကို အကာအကွယ်ယူ၍ လုံခြုံရေးစစ်ကြောင်းများကို ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဘက် တိုက်ပွဲများသည် မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

 

“ကယားပြည်နယ်က PDF ဆိုတာ ရွာတွေပျက်အောင် သူတို့က ရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲ ဖော် တာ။ သူတို့ သတ္တိရှိရှိနဲ့ တပ်ကို ရင်ဆိုင်ချင်တယ်ဆိုရင် ကွင်းပြင်တွေရှိတယ် တောင်ကုန်းတွေရှိတယ်။ အဲ့ဒီမှာ တိုက်ပွဲမဖော်ရဲဘူး။ လူနေရပ်ကွက်တွေ လူနေအိမ်တွေကို လာပြီး တိုက်ပွဲဖော်တာ။ ပြည်သူတွေရဲ့ အိုးအိမ်တွေ ပျက်စီးရတာ PDF တွေကြောင့်ပါ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ကယားပြည်နယ်ရှိ PDF ပူးပေါင်းအဖွဲ့များသည် ဒေသခံများ၏ အဆောက်အဦးများကို မီးရှိုှု့ဖျက်ဆီးခြင်း မိုင်း ထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသော အဖွဲ့များဖြစ်သည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 

#PeopleMedia


Share this post