• Follow Us on

Home ဒီးမော့ဆိုမြို့နယ်၊ ပညာရေးမှူးတာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ခင်မေစိုးကို ဒေသခံ PDF အဖွဲ့မှ ဖမ်းဆီး

ဒီးမော့ဆိုမြို့နယ်၊ ပညာရေးမှူးတာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ခင်မေစိုးကို ဒေသခံ PDF အဖွဲ့မှ ဖမ်းဆီး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၇ (People Media)

 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် ၁၁ နာရီ ဝန်းကျင်ခန့်၌ ပညာရေးမှူး ဒေါ်ခင်မေစိုးကို ဒေသခံ PDF အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။

 

ပညာရေးမှူး ဒေါ်ခင်မေစိုးကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ကယားပြည် နယ် ပြည်သူ့ရဲတပ်ဖွဲ့(KSP) ထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ထုတ် ပြန်ထားသည်။

 

ဒေါ်ခင်မေစိုးသည် လက်ရှိအချိန်ထိ ဒီးမော့ဆိုမြို့နယ် ပညာရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးဖြစ်  သည်။

 

လက်ရှိအချိန်တွင် ကယားပြည်နယ်၌ ဒေသခံ PDF အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ် ပေါ်နေပြီး ဒေသခံပြည်သူများ စစ်ဘေးဒဏ်ခံနေရသည့် ပြည်နယ်တစ်ခုဖြစ်သည်။

 

#PeopleMedia #ဒီးမော့ဆို #ပညာရေးဝန်ကြီးဌာန

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post