• Follow Us on

Home ဒုက္ခသည်များတင်ဆောင်ထားသည့် လေယာဉ်များအား တာလီဘန်များ ထွက်ခွာခွင့်မပြု

ဒုက္ခသည်များတင်ဆောင်ထားသည့် လေယာဉ်များအား တာလီဘန်များ ထွက်ခွာခွင့်မပြု

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆ (People Media)

 

တာလီဘန်များအုပ်ချုပ်နေသောအာဖဂန်နစ္စတန်နိုင်ငံမှ အာဖဂန်ဒုက္ခသည်များကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ ပြောင်းပေးနိုင်ရန် စင်းလုံးငှားထားသည့်လေယာဉ် လေးစီးမှာ အာဖဂန်လေဆိပ်မှထွက်ခွာခြင်းမပြုနိုင်သေး ကြောင်းသိရပြီး မည်သည့်အတွက်ကြောင့် ထွက်ခွာနိုင်ခြင်းမရှိသေးသည်ကို ကွဲကွဲပြားပြားမသိရသေးကြောင်း သြဂုတ်လ ၅ ရက်နေ့က အာဖဂန်အရာရှိများကပြောသည်။

 

အာဖဂန်ခရီးသည်အများစုမှာ နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာများမရှိကြောင်း၊ သို့ဖြစ်၍ တိုင်းပြည်မှထွက် ခွာ၍မရခြင်းဖြစ်ကြောင်း၊ ခရီးသည်အချို့မှာ အခြေအနေများဖြေရှင်းနေစဉ်အတွင်းမှာပင် လေဆိပ်မှပြန်လည် ထွက်ခွာသွားကြကြောင်း နိုင်ငံမြောက်ပိုင်း မာဇာအီရှာရစ်မြို့ရှိ လေဆိပ်မှ အာဖဂန်အရာရှိတစ်ဦးကပြောသည်။

 

သို့သော် အမေရိကန်လူမျိုးများအပါအဝင် လေယာဉ်ပေါ်တွင်နေရာရထားပြီးသည့် ခရီးသည်များကို တာလီဘန် များကထွက်ခွာခွင့်မပြုကြောင်း၊ ၎င်းတို့ကို ဓားစာခံများအဖြစ်ဖမ်းဆီးထားသည်ဟု ယူဆရကြောင်း အမေရိကန် အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှ ထိပ်တန်းရီပတ်ဘလီကန်လွှတ်တော်အမတ်တစ်ဦးကပြော သော်လည်း ယင်းသတင်းမည်သူ့ထံကရသည်ကို ပြောကြားခြင်းမရှိပေ။

 

သြဂုတ်လ ၃၀ ရက်နေ့တွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့ဝင်များ နောက်ဆုံးအသုတ်ထွက်ခွာပြီးနောက် အမေရိကန်နှင့် အာဖဂန်လူမျိုးအများအပြားကျန်ရစ်ခဲ့သေးသည်။ အာဖဂန်နစ္စတန်မှ ထွက်ခွာချင်သူများ ထွက် ခွာခွင့်ရအောင် တာလီဘန်အစိုးရသစ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် အ စိုးရကကတိပြုထားခဲ့သော်လည်း အမေရိကန်နိုင်ငံသားများနှင့် အာဖဂန်လူမျိုးဘာသာပြန်များ လေယာဉ် ၆ စင်းတွင်ပိတ်မိနေကြောင်း တက္ကဆက်ပြည်နယ်မှလွှတ်တော်အမတ်မိုက်ကယ်မက်ခ်ကောလ်ကပြောသည်။

 

လေဆိပ်မှထွက်ခွာခွင့်မရသည့်လေယာဉ် လေးစီးရှိကြောင်း၊ ယင်းလေယာဉ်များမှ ခရီးသည်များမှာ ၎င်းတို့ တည်းခိုနေသည့်ဟိုတယ်များတွင်ပင်ဆက်လက်နေထိုင်လျက်ရှိကြောင်း၊ ၎င်းတို့အား နိုင်ငံတွင်းမှထွက်ခွာခွင့် ပြုသင့်/မသင့်ကို အာဏာပိုင်များက စိစစ်နေကြောင်း၊ ခရီးသည်အများအပြားမှာ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ များမပါရှိကြောင်း အာဖဂန်အရာရှိတစ်ဦးကပြောသည်။

 

အာဖဂန်မြေပြင်တွင် ဝန်ထမ်းများမကျန်တော့သဖြင့် အမေရိကန်နိုင်ငံသားမည်မျှ လေဆိပ်တွင်ကျန်နေသေး ကြောင်း၊ စင်းလုံးငှားလေယာဉ်များ မည်သည့်အတွက်ကြောင့်ထွက်ခွာခွင့်မရကြောင်းကို သတင်းအတည်ပြုရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အားထားလောက်သည့်လမ်းကြောင်းမရှိကြောင်း အမေရိကန်အ ရာရှိတစ်ဦးကပြောသည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကျန်ရှိခရီးသည်များကို ဆက်လက်ထွက် ခွာခွင့်ပြုရန် တာလီဘန်များထံ မေတ္တာရပ်ခံသွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိကပြောသည်။

 

Ref: Taliban stop planes of evacuees from leaving but unclear why

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 

Ref: Taliban stop planes of evacuees from leaving but unclear why

 

#PeopleMedia


Share this post