• Follow Us on
Latest News

Home ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်ကော်မတီနှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေး

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်ကော်မတီနှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ (People Media)

 

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့သည် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်နှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ တအောင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့မှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးရာတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA လက်မှတ်ရေး ထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့နှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်နှင့် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့မှ တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများ၊ ဆက်လက်လုပ်ဆောင် သင့်သည့် အကြံပြုချက်များ၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ ညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တစ်ဖွဲ့ချင်းစီကိုလည်းကောင်း၊ NDAA မိုင်းလား အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များကိုလည်းကောင်း သီးခြားစီတွေ့ဆုံပြီး လက်နက်ကိုင်ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ဆက်လက်ဆောင်ရွက်ကြမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စ ရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia #မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

 

(unicode)


……………………………………………………………….

 


 


 


 


 


 



Share this post