• Follow Us on

Home ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ (People Media)

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော် မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ပြန်လည်လက်ခံရေးစခန်းများအား ကွင်းဆင်းကြည့်ရှုပြီး နေရပ်စွန့်ခွာသူများကို တွေ့ ဆုံကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြည်နယ် လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် IDP စခန်းသို့ ရောက်ရှိပြီး IDP စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များနှင့် တွေဆုံခဲ့သည်။

 

ထို့နောက် ကြိမ်နီပြင် IDP စခန်းအတွင်း နေထိုင်သူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုနှင့် ဒေသန္တရ ဆေးပေးခန်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ စစ်တွေမြို့၊ သက္ကယ်ပြင် IDP စခန်းနှင့် မင်းဂံရပ်ကွက် ဥဿလင်း ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်၍ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိရေး၊ လူမှုစီး ပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် မောင် တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိပြီး စခန်းတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စခန်းတာဝန်ခံက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ရှင်းလင်းဖြည့်စွက်မှာကြားကာ ထောက်ပံ့ငွေများပေးအပ်၍ ပြန်လည်လက်ခံရေးဆောင်ရွက်မည့်လုပ်ငန်းစဉ် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #IDP #ဘင်္ဂလီ #ရခိုင်ပြည်နယ်မြောက်ပိုင်း

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post