• Follow Us on

Home ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်နောက်ဆုံးအစည်းအဝေးခေါ်ယူပေးရန် နိုင်ငံတော်သမ္မတထံ ပြည်ခိုင်ဖြိုးပါတီ အိတ်ဖွင့်စာပေးပို့

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်နောက်ဆုံးအစည်းအဝေးခေါ်ယူပေးရန် နိုင်ငံတော်သမ္မတထံ ပြည်ခိုင်ဖြိုးပါတီ အိတ်ဖွင့်စာပေးပို့

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နောက်ဆုံးအစည်းအဝေးအား ခေါ်ယူပေးပါရန် နိုင်ငံတော်သမ္မတထံ ပြည်ခိုင်ဖြိုးပါတီက အိတ်ဖွင့်ပေးစာပေးပို့လိုက်သည်။

ထိုအိတ်ဖွင့်ပေးစာတွင် ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သော မဲမသမာမှုများ၊ မဲဆန္ဒရှင်လူဦးရေစာရင်း အလွန်အမင်း ကွာဟနေမှုများသည် ယနေ့အချိန်ထိ သက်သေအထောက်အထားများနှင့်တကွ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လျက်ရှိကြောင်း၊ အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ အကြိမ်ကြိမ် သတင်းစာရှင်း လင်းပွဲပြုလုပ်ကာ ပြောကြားခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖြေကြားပေးခြင်းမျိုး နေ့တိုင်မရှိသေးကြောင်း အိတ်ဖွင့်ပေးစာ ရေးသားထားသည်။

ထိုပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများ ဖြစ်ပွားနေချိန်တွင် မြို့နယ်အလိုက် ညွန်ကြားချက်များ ထုတ်ပြန်ကာ မဲလက်မှတ် စာရွက်အဟောင်းများ မှတ်တမ်းမှတ်ရာများ ကိုလည်း မီးရိူ့ဖျက်ဆီးစေခဲ့ခြင်းသည် ၂၀၂ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကာလအတွင်း မဲမသမာမှုများအပြားဖြစ်ပေါ်စေခဲ့သည့် သက်သေခံ အထောက်အထားများကို မီးရိူ့ဖျက်ဆီးစေသကဲ့သို့ ဖြစ်ပေါ်စေပြီး အများပြည်သူ၏သံသယကိုလည်း ပိုမိုကြီးထွားစေခဲ့ကြောင်း အိတ်ဖွင့်ပေးစာ၏ ရေးသား ချက်တွင်ပါဝင်သည်။

အထက်ပါ အကြောင်းအချက်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မဲဆန္ဒရှင်ပြည်သူများအား တရားဝင်ဖြေရှင်း အသိပေးနိုင်ခြင်းမရှိသည့်အခြေအနေမျိုးတွင် လွှတ်တော်ဥက္ကဋ္ဌများက တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပရန် ကြေညာခြင်းသည် နိုင်ငံရေး ပါတီများအပေါ် အပြန်အလှန် လေးစားမှုမရှိသကဲ့သို့ နိုင်ငံတော်အာဏာကိုလည်း မရိုးဖြောင့်သောနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင်ရေးသားထားသည်။

သို့ဖြစ်၍ ပွင့်လင်းမြင်သာစွာ ဖြေရှင်းနိုင်ရေးအတွက် သက်တမ်းကျန်ရှိနေသေးသော ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် နောက်ဆုံးအစည်းအဝေးအား ခေါ်ယူပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၃ နှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး နိုင်ငံတော်သမ္မတကြီးအား လေးစားစွာ တင်ပြတောင်းဆိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ က အိပ်ဖွင့်ပေးစာရေးသားထားသည်။

#PeopleMedia #USDP #2020election

(unicode)
………………………………………………..







#PeopleMedia #USDP #2020election


Share this post