• Follow Us on

Home ဒုိက္ဦးၿမိဳ႕နယ္၊ ကတုတ္ရြာမေက်းရြာ၌ ႏွစ္လုံး၊သုံးလုံး ဒုိင္မ်ားကုိ သက္ဆုိင္ရာရဲတပ္ဖြဲ႔မွ တိတိက်က် အေရးယူေပးရန္ ေဒသခံမ်ားေတာင္းဆုိ

ဒုိက္ဦးၿမိဳ႕နယ္၊ ကတုတ္ရြာမေက်းရြာ၌ ႏွစ္လုံး၊သုံးလုံး ဒုိင္မ်ားကုိ သက္ဆုိင္ရာရဲတပ္ဖြဲ႔မွ တိတိက်က် အေရးယူေပးရန္ ေဒသခံမ်ားေတာင္းဆုိ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၀

ပဲခူးတုိင္းေဒသႀကီး၊ ဒုိက္ဦးၿမိဳ႕နယ္၊ ကတုတ္ရြာမေက်းရြာ၌ ႏွစ္လုံး၊ သုံးလုံးဒုိင္မ်ားကုိ ၿမိဳ႕နယ္၊ တုိင္းရဲတပ္ဖြဲ႕ မ်ားမွ တိတိက်က်အေရးယူေပးရန္ ေဒသခံမ်ားက ေတာင္းဆိုေနပါတယ္။

ကတုတ္ရြာမေက်းရြာ၌ ႏွစ္လုံး၊ သုံးလုံးဒုိင္မ်ားသည္ နယ္ထိန္းမ်ားႏွင့္ ခ်ိတ္ဆက္ၿပီး ေလာင္းကစားမ်ားကုိ လုပ္ႏုိင္ေနေၾကာင္း အဆုိပါ ေဒသခံမ်ားက ဆုိပါတယ္။

ထုိ႔အတူ ႏွစ္လုံး၊ သုံးလုံးကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး ဖမ္းဆီးရာတြင္ ေရာင္းခ်သူမ်ားကုိသာ ရဲတပ္ဖြဲ႔မွ ဖမ္းဆီးျပီး ဒုိင္ခ်ဳပ္မ်ားကုိ ဖမ္းဆီးအေရးယူမႈမရွိေၾကာင္း ေဒသခံမ်ားက People Media သတင္းဌာနသုိ႔ စာေရးသားေပးပုိ႔လာၾကပါတယ္။

#PeopleMedia #ဒုိက္ဦး

(unicode)
ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာ၌ နှစ်လုံး၊သုံးလုံး ဒိုင်များကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တိတိကျကျ အရေးယူပေးရန် ဒေသခံများတောင်းဆို
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၀

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာ၌ နှစ်လုံး၊ သုံးလုံးဒိုင်များကို မြို့နယ်၊ တိုင်းရဲတပ်ဖွဲ့ များမှ တိတိကျကျအရေးယူပေးရန် ဒေသခံများက တောင်းဆိုနေပါတယ်။

ကတုတ်ရွာမကျေးရွာ၌ နှစ်လုံး၊ သုံးလုံးဒိုင်များသည် နယ်ထိန်းများနှင့် ချိတ်ဆက်ပြီး လောင်းကစားများကို လုပ်နိုင်နေကြောင်း အဆိုပါ ဒေသခံများက ဆိုပါတယ်။

ထို့အတူ နှစ်လုံး၊ သုံးလုံးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖမ်းဆီးရာတွင် ရောင်းချသူများကိုသာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ဒိုင်ချုပ်များကို ဖမ်းဆီးအရေးယူမှုမရှိကြောင်း ဒေသခံများက People Media သတင်းဌာနသို့ စာရေးသားပေးပို့လာကြပါတယ်။

#PeopleMedia #ဒိုက်ဦး


Share this post