• Follow Us on
Latest News

Home ဒု – သမ္မတဦးဟင်နရီဗန်ထီးယူအား ပေးအပ်မည့်ဆုသည် ဂုဏ်သိက္ခာပိုင်းအရ မေးခွန်းထုတ်စရာရှိ သည့် အဖွဲ့အစည်းမှ ပေးအပ်သောဆုအတုတစ်ခုသာဖြစ်ကြောင်း ဦးနေယံဦးပြောဆို

ဒု – သမ္မတဦးဟင်နရီဗန်ထီးယူအား ပေးအပ်မည့်ဆုသည် ဂုဏ်သိက္ခာပိုင်းအရ မေးခွန်းထုတ်စရာရှိ သည့် အဖွဲ့အစည်းမှ ပေးအပ်သောဆုအတုတစ်ခုသာဖြစ်ကြောင်း ဦးနေယံဦးပြောဆို

Share this post

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု နှင့် ဥရောပခရီးသွားအကယ်ဒမီ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ကို ဆု ချီးမြင့်မည့် အဖွဲ့အစည်းဖြစ်သော ဥရောပခရီးသွား လုပ်ငန်းနှင့်ကုန်သွယ်ရေးကောင်စီ(European Union Council on Tourism and Trade)ချီးမြင့်သွားမည်ဖြစ်သည်။

အဆိုပါ ဆုပေးအပ်ပွဲ အခမ်းအနားကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သော ၂၀၁၉ ခုနှစ် ၊စက်တင်ဘာ(၂၇)ရက်နေ့၌ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ကျင်းပရန် စီစဉ်ထားသည်။ ဥရောပခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးကောင်စီ အဖွဲ့၏ ထုတ်ပြန်ချက်အချို့၌ အဆိုပါ ဆုကို ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ အား ချီးမြင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ People Media မှ ဥရောပခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးကောင်စီ အဖွဲ့၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို အပေါ် ဦးနေယံဦး(အောက်စ်ဖိုဒ့်၊အင်္ဂလန်)နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။

နေယံဦးသည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရှိ နိုင်ငံတကာလေ့လာရေး သုတေသန အဖွဲ့ တစ်ခုဖြစ်သော Pacific Forum တွင် မြန်မာ့အရေးလေ့လာသူ သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အင်္ဂလန်နိုင်ငံရှိ အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့တက်ရောက် သင်ကြားနေသူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်ရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် Northern Illinois University မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ရရှိထားသူလည်းဖြစ်သည်။


Share this post