• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရတ်ဘ် ပြော

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရတ်ဘ် ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂(PeopleMedia)
မြန်မာ့တပ်မတော်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရတ်ဘ်က ပြောကြားလိုက်သည်။
“နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီကိုဖျက်ဆီတဲ့သူတွေကို ထပ်မံ အရေးယူဖို့ ကျွန်တော်တို့ စဉ်းစားပါမယ်” ဟု ၄င်းက တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
မြန်မာ့အခြေအနေက ဆိုးရွားလာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာအလွဲသုံးစားမှုများကို မှတ်တမ်းတင်ထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ၄င်းက ပြောကြားမည်ဖြစ် သည်။
ဘင်္ဂလီများနှင့် အခြားတိုင်းရင်းသား လူနည်းစုများအတွက် လက်ရှိအခြေအနေက အန္တရာယ်ဖြစ်စေသလို ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုမည်ဟု ၄င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား တရားမဝင် ဆက်သွယ်ရေးစက်များ ပိုင်ဆိုင်မှု၊ သဘာဝဘေးအန္တရာယ် တား ဆီးကာကွယ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုစံနှုန်းညံ့ဖျင်းသော နိုင်ငံများကို အဖွဲ့ဝင်ဖြစ်ခွင့်ပြုရန် ရည်ရွယ်ချက်ဖြင့် ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် နေရာအစားထိုးရန် ၂၀၀၆ ခုနှစ်တွင် ဖွဲ့ စည်းခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို သုံးနှစ်လျင်တစ်ကြိမ် တွေ့ဆုံပြီး ကုလသမဂ္ဂ အ ဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေးမှတ်တမ်းများအပြင် မြန်မာ၊ ဆီးရီးယား၊ မြောက်ကိုရီးယား၊ ဘူရွန်ဒီနှင့် တောင် ဆူဒန် အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ စုံစမ်းစစ်ဆေးရေးကော်မရှင်များ ဖွဲ့စည်းမှုကို ပြန် လည်သုံးသပ်သည်။
–ကိုးကား–
ဘီဘီစီ
Ref; Myanmar coup: Military leaders must release Aung San Suu Kyi – Raab


Share this post