• Follow Us on

Home ဒုံးကျည်များပစ်လွှတ်ခဲ့သည့်အတွက် မြောက်ကိုရီးယားကို အမေရိကန်ပြစ်တင်ရှုတ်ချသော်လည်း ဆွေးနွေးပွဲသို့ ပါဝင်လာရန် ဖိတ်ခေါ်

ဒုံးကျည်များပစ်လွှတ်ခဲ့သည့်အတွက် မြောက်ကိုရီးယားကို အမေရိကန်ပြစ်တင်ရှုတ်ချသော်လည်း ဆွေးနွေးပွဲသို့ ပါဝင်လာရန် ဖိတ်ခေါ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆ (People Media)

 

ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ပစ်လွှတ်ခဲ့ခြင်းအားဖြင့် မြောက်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ဆုံးဖြတ်ချက်များကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချလိုက်သော် လည်း နျုကလီယားပိုင်ဆိုင်သည့်နိုင်ငံအနေဖြင့် ဆွေးနွေးပွဲများပြန်လည်ပြုလုပ်ရန်ကြိုဆိုကြောင်းပြောဆိုလိုက် သည်။

 

“မြောက်ကိုရီးယား (DPRK) နိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချပါတယ်။ ဒီလို ဒုံးကျည်ပစ်လွှတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်သလို မြောက် ကိုရီးယားနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ခြိမ်းခြောက်တာလည်းဖြစ်ပါတယ်။” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။ ယင်းသို့ပြောဆိုရာတွင် မြောက်ကိုရီးယား နိုင်ငံအား ၎င်းတို့ခေါ်ဆိုသော “ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ” ဟု သုံးစွဲသွားခဲ့သည်။

 

သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က “ကျွန်တော်တို့အနေနဲ့ ကိုရီးယား ဒီမိုကရက် တစ်ပြည်သူ့သမ္မတနိုင်ငံကို သံတမန်နည်းလမ်းအရချဉ်းကပ်ဖို့ သံန္နိဋ္ဌာန်ချထားဆဲဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာပါ ဝင်ဖို့ သူတို့ကိုတောင်းဆိုပါတယ်။” ဟု ပြောသည်။ အမေရိကန်အစိုးရကလည်း ဧပြီလအတွင်းကကျင်းပခဲ့သည့် မြောက်ကိုရီးယားနှင့်ပတ်သည့်သည့် မူဝါဒရေးရာ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်သွယ်ရန် ဆန္ဒရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

 

ယင်းကဲ့သို့မြောက်ကိုရီးယားနှင့်ဆက်သွယ်ဆွေးနွေးလိုကြောင်းထုတ်ဖော်ပြောကြားခြင်းမှာ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်နှင့် သုံးကြိမ်တွေ့ဆုံခဲ့သည့် အမေရိကန်သမ္မတဟောင်းဒေါ်နယ်လ်ထရမ့်၏ ပုံမှန် မ ဟုတ်သောပုဂ္ဂိုလ်ရေးဆိုင်ရာသံတမန်ဆက်သွယ်မှုများပြုလုပ်ပြီးသည့်နောက် ပို၍လက်တွေ့ကျသည့်ချဉ်းကပ် နည်းဖြစ်ကြောင်း အချက်ပြလိုက်ခြင်းလည်းဖြစ်သည်။

 

ဒေါ်နယ်လ်ထရမ့်က မြောက်ကိုရီးယားသာ ၎င်းတို့၏နျူကလီးယားလက်နက်ထုတ်လုပ်ရေးအစီအစဉ်များကို ထာဝရစွန့်လွှတ်ကြောင်းလက်မှတ်ရေးထိုးခဲ့ပါက ၎င်းအနေဖြင့် စစ်မဖြစ်အောင်တားဆီးနိုင်ခဲ့သည့်အတွက် နို ဘယ်ငြိမ်းချမ်းရေးဆုပင် ရနေလောက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။

 

မြောက်ကိုရီးယားအစိုးရသည် နျူကလီးယားလက်နက်ထုတ်လုပ်ရေးအစီအစဉ်များ၊ တာဝေးပစ်ဒုံးကျည်များစမ်း သပ်ပစ်လွှတ်မှုများကြောင့် နိုင်ငံတကာ၏အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်နေရသည့်နိုင်ငံဖြစ်သည်။

 

Ref: US condemns North Korea missile launch but calls for dialogue

 

#PeopleMedia

 

(unicode)


…………………………………………………………………………………..

 


 


 


 


 


 


 


 

Ref: US condemns North Korea missile launch but calls for dialogue

 

#PeopleMedia


Share this post