• Follow Us on

Home ဒွန်းဘတ်စ်ဒေသ ရုရှားအထူးစစ်ဆင်ရေးအပေါ် အမေရိကန်သမ္မတ ဘိုင်ဒန် ကြေညာချက်ထုတ်ပြန်

ဒွန်းဘတ်စ်ဒေသ ရုရှားအထူးစစ်ဆင်ရေးအပေါ် အမေရိကန်သမ္မတ ဘိုင်ဒန် ကြေညာချက်ထုတ်ပြန်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

ရုရှားစစ်တပ်များ ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် သမ္မတ ပူတင် အမိန့်ချလိုက်ခြင်းအပေါ် အမေရိကန်သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်နှင့် မဟာမိတ်များ တစ်သားတည်း ခိုင်မာစွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ရုရှားစစ်တပ်သည် “ရန်စမှုမခံရသည့် အခြေအနေတွင် ”ယူကရိန်းကို ထိုးစစ်ဆင်ခြင်းဖြစ်ပြီး ၎င်းမှာ “ကြိုတင် ကြံစည်မှုရှိသည့်” စစ်ပွဲဖြစ်ရာ ထို့အတွက် ရုရှားက တာဝန်ယူရလိမ့်မည်ဟု ဘိုင်ဒန်၏ကြေညာချက်တွင် ဖော် ပြထားသည်။

 

ဘိုင်ဒန်က ၎င်းနှင့် အိမ်ဖြူတော် လုံခြုံရေးအဖွဲ့များ အခြေအနေပြောင်းလဲမှုများကို ဆက်လက် အနီးကပ်စောင့် ကြည့်သွားမည်ဖြစ်ကြောင်း ဆိုသည်။

 

ဘိုင်ဒန်သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် G7 ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး အမေရိကန်လူထုကို မိန့်ခွန်းပြောကြားမည်ဖြစ်ရာ အမေရိကန်နှင့်မဟာမိတ်များအနေဖြင့် ရုရှားအပေါ် တစ်ဆင့်တိုး ပိတ်ဆို့အရေး ယူမှုများကို ကြေညာသွားမည် ဖြစ်သည်။

 

(Xinhua)

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 

(Xinhua)

 

#PeopleMedia


Share this post