• Follow Us on

Home “ဒဏ္ဍာရီ တည်းခိုခန်း” မိုင်းပေါက်ကွဲမှုကြောင့် အနီးနားတွင်ရှိသည့် လသားအရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့ မိုင်းစထိမှန်၍ ဒဏ်ရာရ

“ဒဏ္ဍာရီ တည်းခိုခန်း” မိုင်းပေါက်ကွဲမှုကြောင့် အနီးနားတွင်ရှိသည့် လသားအရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့ မိုင်းစထိမှန်၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက် ၅၀၁၊ ၈၄ လမ်း၊ ၁၀၄(A) လမ်းကြားရှိ “ဒဏ္ဍာရီ တည်းခိုခန်း” ရှေ့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် လသား အရွယ်ကလေးတစ်ဦးနှင့် မိခင်တို့ မိုင်းဒထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၁၉ ရက် ည ၈ နာရီဝန်းကျင်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားများမှ “ဒဏ္ဍာရီ တည်းခိုခန်း” အနီးပေါက်ကွဲရာ ထိုတည်ခိုးခန်းအနီးတွင်ရှိသည့် နေအိမ်၌ထိုင်နေသည့် မိခင်နှင့် လသားအရွယ်ကလေးတို့မှာ မိုင်းစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

လက်လုပ်မိုင်းပစ်ခံရသည့် တည်းခိုခန်း၏အရှေ့တွင် အနည်းငယ်ပျက်စီးမှုများရှိကြောင်း၊ မိုင်းစထိမှန်သည့် သားအမိနှစ်ဦးမှာ မန္တလေးဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post