• Follow Us on

Home ဓမ္မဟုပြောနေသော အဓမ္မဝါဒီတို့၏လုပ်ရပ်များ

ဓမ္မဟုပြောနေသော အဓမ္မဝါဒီတို့၏လုပ်ရပ်များ

Share this post

လူတိုင်းသည် လွတ်လပ်စွာပညာသင်ကြားနိုင်ခွင့်ရှိရမည် မည်သူမှ တားဆီးပိုင်ခွင့်မရှိဟု ဆိုနိုင်လေသည်။ ယခင်က အာဖဂန်နစ္စတန်နိုင်ငံမှ တာလီဘန်များနှင့် ပါကစ္စတန်မြောက်ပိုင်းရှိ အစွန်းရောက် အစ္စလမ်မစ်ဝါဒီ များတွင် မိန်းကလေးများအား ပညာသင်ကြားခွင့်မပေးရ။ ပညာသင်ကြားပါက သေဒဏ်ဟူ၍ တားမြစ်ပိတ် ပင်ခြင်းများရှိခဲ့လေသည်။ ကမ္ဘာ့အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်သူ မာလာလာသည် ထိုဒေသတွင် အမျိုးသမီးများ ပညာသင်ကြားခွင့်အတွက် လုပ်ဆောင်နေစဉ် ဆုရရှိခြင်းဖြစ်သည်။

 

၂၀၂၁ နိုဝင်ဘာ ၁ ရက်နေ့တွင် ကိုဗစ်ရောဂါပြန့်ပွားမှုလျော့ပါးသွားသဖြင့် နကစအစိုးရသည် အစိုးရကျောင်း များအား နိုင်ငံတဝှမ်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့လေသည်။ ထိုသို့ ဖွင့်လှစ်မည်ကို NUG နှင့် PDF များမှ နည်းလမ်း အမျိုးမျိုးဖြင့် တားဆီးရန် ကြိုးပမ်းလာခဲ့ကြသည်ကို တွေ့မြင်လာရသည်။ ရန်ကုန်မြို့ ကြည်မြင့်တိုင် အထက ၁ အပါအဝင် အခြားသော တိုင်းနှင့် ပြည်နယ်များတွင် စာသင်ကျောင်းများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း များ ပြုလုပ်ရန် ကြံစည်ခဲ့လေသည်။ လုံခြုံရေးတပ်ဖွဲ့များ အချိန်မီတားဆီးနိုင်ခြင်း အပါအဝင် အခြားသော အကြောင်းအမျိုးမျိုးကြောင့် PDF များ၏ အကြံအစည်များ မအောင်မြင်ခဲ့သော်လည်း ဆိုရှယ်မီဒီယာပေါ်တွင် ကျောင်းတက်မည့် ကျောင်းသူကျောင်းသား ကလေးငယ်များ နှင့် ဆရာ/ဆရာမများအား အပုပ်ချခြင်း၊ ဆဲဆို ခြင်းအပါအဝင် မဖွယ်ရာသောအကြောင်းအရာများဖြင့် စော်ကားတိုက်ခိုက်ခဲ့လေသည်။

 

ကမ္ဘာ့ကုလသမဂ္ဂမှ ကြေညာထားသော လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပါဝင်သည့်အချက်တစ်ခုမှာ လူ တိုင်းသည် ပညာသင်ကြားနိုင်ခွင့်ရှိရမည်ဟူ၍ Article 26 တွင် ဖော်ပြထားလေသည်။ UNHR Article 26 တွင်ပါဝင်သော စာသား အတိအကျမှာ အောက်ပါအတိုင်းပင်ဖြစ်သည်-

 

  1. Everyone has the right to education. Education shall be free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all on the basis of merit.

 

  1. Education shall be directed to the full development of the human personality and to the strengthening of respect for human rights and fundamental freedoms. It shall promote understanding, tolerance and friendship among all nations, racial or religious groups, and shall further the activities of the United Nations for the maintenance of peace.

 

  1. Parents have a prior right to choose the kind of education that shall be given to their children.

 

(မြန်မာဘာသာဖြင့်)

 

၁။ လူတိုင်းတွင် ပညာသင်ကြားခွင့်ရှိသည်။ ပညာရေးသည် အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်များတွင် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာကို မသင်မနေရဖြစ်ရမည်။ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးကို ယေဘုယျအားဖြင့် ရနိုင်စေမည် ဖြစ်ပြီး အဆင့်မြင့်ပညာရေးကို ကုသိုလ်အခြေခံဖြင့် အားလုံးတန်းတူရရှိစေရ မည်။

 

  1. ပညာရေးသည် လူ့ကိုယ်ရည်ကိုယ်သွေး အပြည့်အဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ် လပ်ခွင့်များကို လေးစားလိုက်နာမှု အားကောင်းလာစေရန် ညွှန်ကြားရမည်။ လူမျိုးရေး၊ ဘာသာရေးအုပ်စုများ အကြား နားလည်မှု၊ စာနာနားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ထိန်း သိမ်းရန်အတွက် ကုလသမဂ္ဂ၏ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

 

  1. မိဘများသည် သားသမီးများအား ပေးအပ်ရမည့် ပညာရေးအမျိုးအစားကို ရွေးချယ်ပိုင်ခွင့်ရှိသည်။

 

အဆိုပါအချက်များကိုကြည့်ပါက ၂၁ ရာစုကမ္ဘာ့လူမှုအသိုင်းအဝိုင်းတွင် အသိအမှတ်ပြုထားသည်မှာလည်း ပညာရေးသည် လူသားတို့၏စားဝတ်နေရေးကဲ့သို့ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လေသည်။ ယခုမြန်မာ နိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်လုပ်ရပ်များသည် လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့် အရေးအား ချိုးဖောက်ခြင်းဖြစ်သည်။

 

NUG နှင့် PDF များသည် ၎င်းတို့သည် ဒီမိုကရေစီဘက်တော်သားများ၊ လူ့အခွင့်အရေးဝါဒီများ၊ ဓမ္မဘက်တော် သားများ စသည်ဖြင့် ကြွေးကြော်နေသော်လည်း အမှန်စင်စစ်တွင်မူ ထိုကြွေးကြော်သံများနှင့် ပြောင်းပြန်လုပ် ရပ်များကိုသာ လုပ်ဆောင်ခဲ့လေသည်။ ၂၀၂၁ ဧပြီ မေ ဇွန်လများတွင် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း၊ တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများအား သတ်ဖြတ်ခြင်း/ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခြင်း စသောအကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်ခဲ့လေသည်။ မေလ ၂၁ ရက်နေ့တွင် ယူနီဆက်ဖ်နှင့် ယူ နက်စကိုမှ ထိုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေခြင်းကို ရှုတ်ချသည့် ကြေငြာချက်ထုတ်ပြန်ခဲ့ရ လေသည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ရင်သွေးများကို ထိခိုက်အောင် ဆောင်ရွက်နေသည့်သူများ အား ဆန့်ကျင်လာကြမည်မှာ မလွဲမသွေပင်ဖြစ်ပေသည်။ သို့သော် အားပေးထောက်ခံသူများသည် ဆိုရှယ်မီဒီယာတွင်   အုံလိုက်ကျင်းလိုက်ဖြင့် bullying လုပ်နေသဖြင့် ပြည်သူတို့၏ ခံစားချက်အစစ်အမှန်များ အား ဆိုရှယ်မီဒီယာတွင် မြင်တွေ့နိုင်ရန် လွယ်ကူမည် မဟုတ်ပေ။ သို့သော် မြေပြင်တွင်မူ ဆိုရှယ်မီဒီယာတွင် ဖြစ်နေသည်နှင့် ပြောင်းပြန်ဖြစ်နေပြီ ဖြစ်သည်။ ကိုယ့်သွေးသားအား ထိခိုက်နာကျင်အောင်ဖြစ်စေ၊ အကျိုး စီးပွားပျက်သုဉ်းစေရန်ဖြစ်စေ ဆောင်ရွက်သူများအား မည်သည့်မိဘမှ သည်းခံမည်မဟုတ်ပေ။ ဓမ္မဝါဒီဟု ဟစ်ကြွေးနေသော တော်လှန်ရေးလုပ်ရပ်များသည် ပြည်သူများအား အကြမ်းဖက်လုပ်ရပ်ကဲ့သို့ လုပ်ဆောင်လာ ပါက အမှန်တကယ်တွင် အဓ္ဓမဝါဒီများဖြစ်နေသည်မှာ မြေကြီးလက်ခတ်မလွဲသေချာနေပြီ ဖြစ်သည်။

 

မှတ်ချက် – အဆိုပါဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

 

(unicode)

ဓမ်မဟုပွောနသေော အဓမ်မဝါဒီတို့၏လုပျရပျမြား

 


 


 


 

  1. Everyone has the right to education. Education shall be free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all on the basis of merit.

 

  1. Education shall be directed to the full development of the human personality and to the strengthening of respect for human rights and fundamental freedoms. It shall promote understanding, tolerance and friendship among all nations, racial or religious groups, and shall further the activities of the United Nations for the maintenance of peace.

 

  1. Parents have a prior right to choose the kind of education that shall be given to their children.

 


 


 


 


 


 


 



Share this post