• Follow Us on

Home ဓမ္မာစြင်္ကာရိပ်သာကျောင်းတိုက်ရှိ အနန္တသုခ (၅) ထပ်ဓမ္မဗိမာန်ကျောင်းတော်ကြီးကျောင်းလွှတ်ပူဇာဖွင့်ပွဲသို့ န.စ.ကဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်

ဓမ္မာစြင်္ကာရိပ်သာကျောင်းတိုက်ရှိ အနန္တသုခ (၅) ထပ်ဓမ္မဗိမာန်ကျောင်းတော်ကြီးကျောင်းလွှတ်ပူဇာဖွင့်ပွဲသို့ န.စ.ကဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်

Share this post

နေပြည်တော်၊ ဇူလိုင် ၄

 

ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မာစြင်္ကာရိပ်သာ ကျောင်းတိုက်ရှိ အနန္တသုခ (၅) ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။

 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာရကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဒေါက် တာ ဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွ ရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဇနီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အနန္တသုခငါးထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဓမ္မစြင်္ကာရိပ်သာ ဆရာ တော်တို့ ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။

 

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများက ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗန်းမော်ဆရာတော် ဘုရားကြီးထံသို့ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အနန္တသုခ ၅ ထပ်ကျောင်းဆောင် တော်ကြီးကို ဓမ္မစြင်္ကာရိပ်သာ ဆရာတော် ဘဒ္ဒန္တ အာဝုဓထံသို သာဟတိဝိထကဒါနမြောက် ဆက်ကပ်လှူ ဒါန်းရာ ဆရာတော်မှ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိသားစုဝင်များ၊ အလှူရှင်များနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယခုကျောင်းလွှတ် ပူဇာသဘင်ပြုလုပ်သည့် အနန္တသုခ (၅)ထပ်ဓမ္မဗိမာန် ကျောင်းတော်ကြီးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ကျောင်းဒါယကာ၊ ဒါယိကာမများက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားပြုလုပ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ အလျား ၁၀၈ ပေ၊ အနံ ၄၅ ပေ ရှိ ၅ ထပ်ကျောင်းတော်ကြီးမှာ ဘဒ္ဒန္တအာဝုဓ၊ ပဓာနနာယက ဓမ္မာစြင်္ကာရိပ်သာ ဆရာတော်အား အမှူးထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးအမှူး ပြုသော တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ကျောင်းဒါယကာ ဒေါက်တာ သာရင်မြတ်၊ ဇနီး သီဟသုဓမ္မသိင်္ဂီ လူမှုထူးချွန် ကျောင်းဒါယိကာမ ဒေါ်နွယ်နွယ်အေးနှင့် မိသားစု ဝင်များက မတည်လှူဒါန်းပြီး Four River Myanmar Co.ltd အမေရိကန် ကုမ္ပဏီမိသားစုနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ ငွေကျပ် သိန်းပေါင်းတစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)

ဓမ်မာစငျ်ကွာရိပျသာကြောငျးတိုကျရှိ အနန်တသုခ (၅) ထပျဓမ်မဗိမာနျကြောငျးတောျကွီးကြောငျးလှှတျပူဇာဖှင့ျပှဲသို့ န.စ.ကဥက်ကဋ်ဌ တကျရောကျဖှင့ျလှဈ

……………………………………..

 


 


 

အဆိုပါအခမျးအနားသို့ နိုငျငံတောျသံဃမဟာနာရကအဖှဲ့ဥက်ကဋ်ဌ အဘိဓဇ အဂ်ဂမဟာ သဒ်ဒမ်မဇောတိက ဒေါကျ တာ ဘဒ်ဒန်တကုမာရဘိဝံသ ဗနျးမောျဆရာတောျဘုရားကွီး အမှူးပွုသည့ျ ဆရာတောျ၊ သံဃာတောျမြား ကွှ ရောကျခြီးမွှင့ျတောျမူကွပွီး နိုငျငံတောျစီမံအုပျခြုပျရေးကောငျစီဥက်ကဋ်ဌ နိုငျငံတောျဝနျကွီးခြုပျဇနီးနှင့ျအတူ တာဝနျရှိသူမြား တကျရောကျကွသညျ။

 


 


 


 


 

#PeopleMedia


Share this post