• Follow Us on

Home ဓါးကိုင္ေဆာင္ကာ ကေလးေပြ႕ေျပးသူအား လက္ရဖမ္းဆီးနိုင္ခဲ့၊ ဥပေဒအရ အေရးယူ ေဆာင္ရြက္ထား

ဓါးကိုင္ေဆာင္ကာ ကေလးေပြ႕ေျပးသူအား လက္ရဖမ္းဆီးနိုင္ခဲ့၊ ဥပေဒအရ အေရးယူ ေဆာင္ရြက္ထား

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၆ (People Media)
 
ျမစ္ႀကီးနားၿမိဳ႕ ၿမိဳ႕ေပၚရပ္ကြက္တစ္ခုအတြင္း ယေန႔ ဒီဇင္ဘာလ ၁၆ ရက္ေန႔၊ နံနက္ပိုင္းက ဓါးကိုင္ေဆာင္ကာ ကေလးေပြ႕ေျပးမႈ ျဖစ္ပြားခဲ့ရာ အဆိုပါ ကေလးေပြ႕ေျပးသူအား နယ္ေျမခံရဲတပ္ဖြဲ႕ႏွင့္ ရပ္ကြက္ေန ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးနိုင္ခဲ့ၿပီး ဥပေဒအရ အေရးယူေဆာင္ရြက္ထားသည္။
 
အဆိုပါ ျဖစ္စဥ္သည္ ယေန႔ နံနက္ပိုင္းက ၾကက္ေပါင္ၿခံရပ္ကြက္တြင္ စတင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး ကေလးေပြ႕ယူ ထြက္ေျပးသူအား ကၽြန္းပင္သာ ရပ္ကြက္တြင္ ကေလးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမစ္ႀကီးနား နယ္ေၿမ ရဲစခန္းမွ တာဝန္က် ရဲအရာရွိက ေျပာျပသည္။
 
“ဒီမနက္ ကိုးနာရီေက်ာ္ေလာက္မွာ ၾကက္ေပါင္ၿခံ ရပ္ကြက္မွာ ကေလးတစ္ေယာက္ကို လူတစ္ေယာက္က ေခၚသြားတယ္ေပါ့ ဓါးလည္းပါသြားတယ္ ဓါးနဲ႔လည္း ေထာက္သြားတယ္လို႔ သတင္းၾကားတယ္ အဲ့ဒီ သတင္း ၾကားတာနဲ႔ နယ္ထိန္းအဖြဲ႕ေတြက အခင္းျဖစ္တဲ့ ရပ္ကြက္ကိုသြားတာေပါ့ အဲဒီလူကိုေတာ့ ကၽြန္းပင္သာ ရပ္ကြက္ နယ္ေျမ(၇)၊ ကၽြန္းေရႊဝါလမ္းေဘးမွာ ကေလးနဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္” ဟု ရဲအုပ္ေက်ာ္ေဇယ်က ဆိုသည္။
 
ယင္းသို႔ ဖမ္းဆီးခဲ့ရာတြင္ ကေလးငယ္ကိုလည္း အထိအခိုက္မရွိ ျပန္လည္ ရရွိၿပီး မိဘမ်ားထံ ေကာင္းမြန္စြာ ျပန္လည္ အပ္ႏွံနိုင္ခဲ့ေၾကာင္းႏွင့္ ကေလးေပြ႕ေျပးသူမွာ ၾကက္ေပါင္ၿခံရပ္ကြက္ေနထိုင္သူ ဦးေအာင္နိုင္ထြန္း ဆိုသူ ျဖစ္ၿပီး အရက္ေၾကာင္ကာ ယခုကဲ့သို႔ လုပ္ေဆာင္ျခင္းမ်ိဳးသာ ျဖစ္ၿပီး တစ္ျခား ရည္ရြယ္ခ်က္ ႀကီးႀကီးမားမားႏွင့္ က်ဴးလြန္ျခင္းမ်ိဳး မဟုတ္နိုင္ေၾကာင္း အဆိုပါ ရဲအရာရွိက သုံးသပ္ ေျပာဆိုသည္။
 
“က်ဴးလြန္သူက အရက္ေၾကာင္ေနသူသာ ျဖစ္တယ္၊ ကိုင္ထားတဲ့ ဓါးက ၾကက္သြန္လီးတဲ့ဓါး၊ သူ႔မွာ မိန္းမလဲရွိတယ္ သူ႔မိန္းမနဲ႔က အရင္ရက္က စကားမ်ားထားလို႔လဲ သိရတယ္၊ စကားမ်ားထားတာနဲ႔ ပတ္သက္ၿပီး မိန္းမက အိမ္ေပၚက ဆင္းသြားတယ္ရပ္ကြက္ကလည္း သူ႔ကို ရဲကိုတိုင္မယ္ ဘာညာ ဆိုၿပီးေတာ့ ေျပာတယ္ေပါ့ ရဲလာရင္ အဖမ္းခံရမွာေၾကာက္လို႔ ဆိုၿပီး ကေလးကို ေပြ႕ေျပးတာေပါ့ ကေလးကလဲ သူနဲ႔ အိမ္နီးျခင္းက ကေလးျဖစ္တယ္။ ကေလးမိဘေတြကလဲ လက္လုပ္လက္စားသမားေတြဘဲ တစ္စုံတစ္ခု ေငြေၾကးၿခိမ္းေျခာက္ ေတာင္းဖို႔ မဟုတ္ေလာက္ဘူး၊ ျခဳံေျပာရမယ္ဆိုရင္ အရက္ေၾကာင္ၿပီး ျဖစ္တာ ႀကီးမားတဲ့ ရည္ရြယ္ခ်က္နဲ႔ေတာ့ လုပ္တာမဟုတ္ေလာက္ဘူး” ဟု ၄င္းက သုံးသပ္ေျပာျပသည္။
 
လက္ရွိတြင္ အဆိုပါ ျပစ္မႈက်ဴးလြန္သူအား နယ္ေျမရဲစခန္းမွ ပုဒ္မ ၂ခုျဖင့္ အေရးယူ ေဆာင္ရြက္ထားသည္။
 
“ဥပေဒအရေတာ့ အေရးယူရမွာပါ အသက္မျပည့္ေသးတဲ့ ကေလးကို ခိုးယူထြက္ေျပးတဲ့ အမႈ ပုဒ္မ (၃၆၄) နဲ႔ အေရးယူမယ္ ၿပီးရင္ လက္နက္ ကိုင္ေဆာင္တဲ့ အမႈ ဓါးကိုင္ေဆာင္မႈ ၁၉ (င)နဲ႔လည္း ထပ္ၿပီး အေရးယူမယ္ ေလာေလာဆယ္ေတာ့ အဲ့ဒီႏွစ္မႈနဲ႔ အေရးယူ ေဆာင္ရြက္ သြားမယ္” ဟု ၎က ဆိုသည္။
 
ယေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ ယခုျဖစ္စဥ္သည္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ မ်ားစြာ ပ်ံ႕ႏွံ့ခဲ့ၿပီး အမ်ားျပည္သူ အထိတ္တလန႔္ ျဖစ္ေစခဲ့သည့္ ျဖစ္ရပ္တစ္ခုလည္း ျဖစ္သည္။
 
မင္းမင္း
 
#PeopleMedia #ျမစ္ႀကီးနား
 
(unicode)
ဓါးကိုင်ဆောင်ကာ ကလေးပွေ့ပြေးသူအား လက်ရဖမ်းဆီးနိုင်ခဲ့၊ ဥပဒေအရ အရေးယူ ဆောင်ရွက်ထား ………………………………………..
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၆ (People Media) မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်တစ်ခုအတွင်း ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ဓါးကိုင်ဆောင်ကာ ကလေးပွေ့ပြေးမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ကလေးပွေ့ပြေးသူအား နယ်မြေခံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ထားသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ နံနက်ပိုင်းက ကြက်ပေါင်ခြံရပ်ကွက်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကလေးပွေ့ယူ ထွက်ပြေးသူအား ကျွန်းပင်သာ ရပ်ကွက်တွင် ကလေးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနား နယ်မြေ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောပြသည်။ “ဒီမနက် ကိုးနာရီကျော်လောက်မှာ ကြက်ပေါင်ခြံ ရပ်ကွက်မှာ ကလေးတစ်ယောက်ကို လူတစ်ယောက်က ခေါ်သွားတယ်ပေါ့ ဓါးလည်းပါသွားတယ် ဓါးနဲ့လည်း ထောက်သွားတယ်လို့ သတင်းကြားတယ် အဲ့ဒီ သတင်း ကြားတာနဲ့ နယ်ထိန်းအဖွဲ့တွေက အခင်းဖြစ်တဲ့ ရပ်ကွက်ကိုသွားတာပေါ့ အဲဒီလူကိုတော့ ကျွန်းပင်သာ ရပ်ကွက် နယ်မြေ(၇)၊ ကျွန်းရွှေဝါလမ်းဘေးမှာ ကလေးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်” ဟု ရဲအုပ်ကျော်ဇေယျက ဆိုသည်။ ယင်းသို့ ဖမ်းဆီးခဲ့ရာတွင် ကလေးငယ်ကိုလည်း အထိအခိုက်မရှိ ပြန်လည် ရရှိပြီး မိဘများထံ ကောင်းမွန်စွာ ပြန်လည် အပ်နှံနိုင်ခဲ့ကြောင်းနှင့် ကလေးပွေ့ပြေးသူမှာ ကြက်ပေါင်ခြံရပ်ကွက်နေထိုင်သူ ဦးအောင်နိုင်ထွန်း ဆိုသူ ဖြစ်ပြီး အရက်ကြောင်ကာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းမျိုးသာ ဖြစ်ပြီး တစ်ခြား ရည်ရွယ်ချက် ကြီးကြီးမားမားနှင့် ကျူးလွန်ခြင်းမျိုး မဟုတ်နိုင်ကြောင်း အဆိုပါ ရဲအရာရှိက သုံးသပ် ပြောဆိုသည်။ “ကျူးလွန်သူက အရက်ကြောင်နေသူသာ ဖြစ်တယ်၊ ကိုင်ထားတဲ့ ဓါးက ကြက်သွန်လီးတဲ့ဓါး၊ သူ့မှာ မိန်းမလဲရှိတယ် သူ့မိန်းမနဲ့က အရင်ရက်က စကားများထားလို့လဲ သိရတယ်၊ စကားများထားတာနဲ့ ပတ်သက်ပြီး မိန်းမက အိမ်ပေါ်က ဆင်းသွားတယ်ရပ်ကွက်ကလည်း သူ့ကို ရဲကိုတိုင်မယ် ဘာညာ ဆိုပြီးတော့ ပြောတယ်ပေါ့ ရဲလာရင် အဖမ်းခံရမှာကြောက်လို့ ဆိုပြီး ကလေးကို ပွေ့ပြေးတာပေါ့ ကလေးကလဲ သူနဲ့ အိမ်နီးခြင်းက ကလေးဖြစ်တယ်။ ကလေးမိဘတွေကလဲ လက်လုပ်လက်စားသမားတွေဘဲ တစ်စုံတစ်ခု ငွေကြေးခြိမ်းခြောက် တောင်းဖို့ မဟုတ်လောက်ဘူး၊ ခြုံပြောရမယ်ဆိုရင် အရက်ကြောင်ပြီး ဖြစ်တာ ကြီးမားတဲ့ ရည်ရွယ်ချက်နဲ့တော့ လုပ်တာမဟုတ်လောက်ဘူး” ဟု ၄င်းက သုံးသပ်ပြောပြသည်။ လက်ရှိတွင် အဆိုပါ ပြစ်မှုကျူးလွန်သူအား နယ်မြေရဲစခန်းမှ ပုဒ်မ ၂ခုဖြင့် အရေးယူ ဆောင်ရွက်ထားသည်။ “ဥပဒေအရတော့ အရေးယူရမှာပါ အသက်မပြည့်သေးတဲ့ ကလေးကို ခိုးယူထွက်ပြေးတဲ့ အမှု ပုဒ်မ (၃၆၄) နဲ့ အရေးယူမယ် ပြီးရင် လက်နက် ကိုင်ဆောင်တဲ့ အမှု ဓါးကိုင်ဆောင်မှု ၁၉ (င)နဲ့လည်း ထပ်ပြီး အရေးယူမယ် လောလောဆယ်တော့ အဲ့ဒီနှစ်မှုနဲ့ အရေးယူ ဆောင်ရွက် သွားမယ်” ဟု ၎င်းက ဆိုသည်။ ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယခုဖြစ်စဉ်သည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် များစွာ ပျံ့နှံ့ခဲ့ပြီး အများပြည်သူ အထိတ်တလန့် ဖြစ်စေခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ မင်းမင်း
#PeopleMedia #မြစ်ကြီးနား

Share this post