• Follow Us on

Home ဓာတ်အားခများ သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး အောက်ခြေအထိ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရန် လျှပ်စစ်ဝန်ကြီး ပြောကြား

ဓာတ်အားခများ သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး အောက်ခြေအထိ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရန် လျှပ်စစ်ဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈ (People Media)

 

လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း ကောက် ခံရရှိရေး အောက်ခြေအထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားလိုက်သည်။

 

ဓာတ်အားခွဲရုံများ ပြုပြင်/ထိန်းသိမ်း/မောင်းနှင်ခြင်း သင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ ကျင်းပခဲ့စဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေးနည်းပညာများသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလျှက်ရှိသည့်အတွက် မိမိတို့အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူအင်ဂျင်နီယာဆိုင်ရာ အရည် အချင်းများ တိုးတက်စွမ်းဆောင်နိုင်ကြစေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည်ဖြစ်ကြောင်း၊ သင် တန်းသားများ၏ စွမ်းဆောင်ရည်မြင့်မားလာမှသာ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေရသည့်  လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေး တိုးတက်လာမည်ဖြစ်သကဲ့သို့  လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုများ လျော့နည်းစေရန် စွမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ ပြောသည်။

 

ယခုသင်တန်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်ပညာများဖြစ်သည့် Artificial Intelligence (AI) , Internet of Things (IOT) ကို အသုံး ပြု၍ ကုန်ကျစရိတ်သက်သာ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရမှုနည်းပါးပြီး ထိရောက်သည့် စွမ်း ဆောင်ရည်များရရှိမည့် AIS, GIS, Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံများကို တည်ဆောက် ခြင်းနှင့် မောင်းနှင်ခြင်း၊ Design များရေးဆွဲတတ်စေရန် သင်ကြားပေးမည်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများ စမ်းသပ် စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်လည်း သင် ကြားပေးမည်ဖြစ်ကြောင်း၊ ပြည်သူများ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး လျှပ်စစ်ဥပဒေ၊ နည်းဥပဒေများ အတိုင်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးစည်းရုံးမှုများ ပြုလုပ်ကြရမည်ဖြစ်သကဲ့သို့ ဓာတ်အားလေ လွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်းကောက်ခံရရှိရေး အောက်ခြေ အထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း မှာကြားခဲ့သည်။

 

#PeopleMedia #လျှပ်စစ်

 

(unicode)


……………………………………………………………………….

 


 


 


 


 


 



Share this post