• Follow Us on

Home ဓာတ်အားသုံးစွဲမှုများပြားသော နံနက် (၇) နာရီမှ နေ့လည် (၁၁) နာရီအတွင်းနှင့် ညအချိန် (၅) နာရီမှ (၉) နာရီ အတွင်း အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

ဓာတ်အားသုံးစွဲမှုများပြားသော နံနက် (၇) နာရီမှ နေ့လည် (၁၁) နာရီအတွင်းနှင့် ညအချိန် (၅) နာရီမှ (၉) နာရီ အတွင်း အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၆ (People Media)

 

ဓာတ်အားစနစ်အား တည်ငြိမ်မှုကို ထိန်းညှိရန် ဆောင်ရွက်ရသည့်အတွက် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် ၇ နာရီမှ နေ့လည် ၁၁ နာရီအတွင်းနှင့် ညအချိန် ၅ နာရီမှ ၉ နာရီအတွင်း အချို့နေရာများတွင် အချိန် ပိုင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အများပြည်သူနှင့် စက်မှုလက်မှု လုပ်ငန်းများတွင် ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက်လာ သည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

လက်ရှိအချိန်တွင်  ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်းလေးဆခန့် မြင့်တက်လာခြင်းကြောင့် ရပ်တန့်ထားရခြင်း၊ ရတနာကမ်း လွန်ဓာတ်ငွေ့စီမံကိန်းမှ စဉ်ဆက်မပြတ် ဓာတ်ငွေ့ထုတ်လုပ်နိုင်ရန် နှစ်စဉ် ပုံမှန်ထိန်းသိမ်းပြုပြင်မှု လုပ်ငန်း စဉ်များကို ဆောင်ရွက်ခဲ့ရသဖြင့် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၅၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များကို အကြမ်းဖက်သူများ၏ အကြိမ်ကြိမ် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ဓာတ်အား (၁၈၀) မဂ္ဂါဝပ်ခန့်တို့ အသီးသီး လျော့နည်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့တွင် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေခြင်း၊ ယခု ပွင့်လင်းရာသီကာလ၌ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံ များအတွက် ရေဝင်ရောက်မှုနည်းလာပြီး နွေရာသီကာလဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ရေလှောင် ကန်/ဆည်များ၌ ရေအားလျှပ်စစ်ထုတ်လုပ်မှုကို ထိန်းသိမ်းလျော့ချ မောင်းနှင်ရခြင်းတို့ကြောင့် စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှုမှာ သုံးစွဲမှုထက် (၁၄၇၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိနေကြောင်း၊ ထုတ်ပြန်ထား သည်။

 

သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် အချို့ သောနေရာများတွင် ဝန်အားလျှော့ချရခြင်းများအပေါ် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နား လည်ပေးနိုင်ပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

Photo – YESC

 

#PeopleMedia #လျှပ်စစ်

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

Photo – YESC

 



Share this post