• Follow Us on
Latest News

Home နစကမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG, PDF များနှင့် အချို့သော EAOs များကို ငွေကြေးထောက်ပံ့ခြင်း၊ လူသစ်စုဆောင်းပေးခြင်း၊ ဝါဒဖြန့်ခြင်း၊ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျှင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ရန် ပြင်ဆင်လိုက်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဖော်ပြချက်

နစကမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG, PDF များနှင့် အချို့သော EAOs များကို ငွေကြေးထောက်ပံ့ခြင်း၊ လူသစ်စုဆောင်းပေးခြင်း၊ ဝါဒဖြန့်ခြင်း၊ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျှင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ရန် ပြင်ဆင်လိုက်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဖော်ပြချက်

Share this post

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းရန်ပြုလုပ်ခြင်းများအား အမြင့်ဆုံးထောင်ဒဏ်ခုနစ်ထိချမှတ်နိုင်သည့် ပြစ်မှုများတွင် ထည့်သွင်း၍ သြဂုတ် ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၂၁/၂၀၁၂၁) ဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ပြစ်မှုနှင့် ပြစ်ဒဏ်အခန်းပါ ပုဒ်မ ၅၂ (က) အား ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ မူလအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ပုဒ်မ ၅၂ တွင် မည်သူမဆို အောက်ပါပြု လုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ အများဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ပုဒ်မ ၅၂ (က)၌ ပုဒ်မ ၃ ပါ အကြမ်းဖက်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်များမှ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၆) မှ ပုဒ်မခွဲငယ် (၁၈) အထိပါရှိသော ပြလုပ်မှုများကို အကျုံးဝင်ကြောင်း ထည့်သွင်းထားသည်။ ယခုပြင်ဆင်လိုက်သည့် ဥပဒေတွင် ပုဒ်မ ၅၂ (က) ၌ ပုဒ်မ ၃ ပါ အကြမ်းဖက်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်များမှ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၅) အား ပြစ်မှုနှင့် ပြစ်ဒဏ်လုပ်ဆောင်မှုများအဖြစ် ထပ်မံထည့်သွင်းပြဋ္ဌာန်းလိုက်ခြင်းဖြစ်သဖြင့် ပုဒ်မ ၅၂ (က) တွင် ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၅) မှ ပုဒ်မခွဲငယ် (၁၈) အထိ အကျုံးဝင်မည်ဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၃  ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၅)တွင် အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်း များဆောင်ရွက်ရာတွင်ဖြစ်စေသူတစ်ဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများဟု ပြဋ္ဌာန်းထားပြီး ယခုပြင်ဆင်လိုက်သည့် ဥပဒေအရ အဆိုပါပြုလုပ်မှုများသည် ပုဒ်မ ၅၂ ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် အကျုံးဝင်မည်ဖြစ်သည်။

 

အများပြည်သူသိမှတ်နိုင်စေရန်အတွက် ရှုပ်ထွေးသောဥပဒေအသုံးအနှုန်းများအား အရပ်သားစကားဖြင့် ဆို သော် ယခုပြင်ဆင်လိုက်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၅) မှ ပုဒ်မခွဲငယ် (၁၈) တို့မှာအောက်ပါအတိုင်းပင်ဖြစ်သည်။

 

ပုဒ်မခွဲငယ်(၁၅) အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်ရန်ဖြစ်စေ စည်းရုံး သိမ်းသွင်းခြင်း၊ တိုက်တွန်းခြင်း၊ ဝါဒဖြန့်ခြင်း၊ စုဆောင်းရန်ပြုလုပ်ခြင်းစသည်တို့ အကျုံးဝင်လေသည်။ ထိုဥပဒေအရ ယခုအချိန် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းဟု ကြေငြာထားသော NUG၊ PDF များနှင့် အချို့သော EAOs များအကြောင်း ရေးသား၍သော်လည်းကောင်း မီဒီယာတစ်ခု (ရုပ်သံ၊ ဂီတ၊ စာပေ၊ ကာတွန်း၊ ပန်းချီ စသည်ဖြင့်) ဖြင့် ထောက်ခံနေခြင်း ပြောဆိုခြင်း စသည့်အပြုအမှုများ၊ ထိုအကြမ်းဖက်အဖွဲ့ အစည်းများသို့ ဝင်ရောက်ရန်ဖြစ်စေ စေခိုင်းခြင်းအား လိုက်ပါလုပ်ဆောင်သည်ဖြစ်စေ ဥပဒေအရ အရေးယူခံ ရမည်ဖြစ်သည်။

 

ပုဒ်မခွဲငယ် (၁၆) အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စုတစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင် ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ ဆိုသည်မှာ အထက်တွင်ဖော်ပြထားသော အဖွဲ့အစည်းများသည် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများဟုကြေငြာပြီးဖြစ်ရာ ထိုအဖွဲ့များ၏ အဖျက်အမှောင့်လုပ်ငန်းများ၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ဆောင်ရွက်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်သည်။

 

ပုဒ်မခွဲငယ်(၁၇) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် (သို့မဟုတ်) လွတ်မြောက်စေရန်အလို့ငှာ ထိန်ချန်ခြင်း (သို့မဟုတ်) သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း (သို့မဟုတ်) ဝှက်ထားခြင်း ပြု လုပ်မှုများဟုဆိုထားသဖြင့် မြို့ရွာများအတွင်း အကြမ်းဖက်အဖွဲ့အစည်းမှ လူများရှိနေသည်ကို သိပါလျက် လုံခြုံရေးတပ်ဖွဲ့များထံအကြောင်းမကြားခြင်း၊ မိမိနေအိမ် (သို့မဟုတ်) အခြားသောနေရာတစ်ခုတွင် ဖွက်ပေး ထားခြင်း၊ တည်းခိုစေခြင်း၊ အကြမ်းဖက်သမားများ လွတ်မြောက်စေရန်အတွက် ကူညီခြင်း၊ ပို့ဆောင်ပေးခြင်း များသည် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။ ထို့ကြောင့် မိမိအိမ်သို့ လာရောက်တည်းခိုသော ဧည့်သည် များအား သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးရုံးများတွင် စနစ်တကျ ဧည့်စာရင်းတိုင် ကြားရန် လိုအပ်လေသည်။ လမ်းခရီးတွင်ဖြစ်စေ အခြားသော အကြောင်းတစ်ခုခုဖြင့်ဖြစ်စေ မိမိမောင်းနှင် သော မော်တော်ယာဉ် (သို့မဟုတ်) အခြားသော သယ်ယူပို့ဆောင်ရေးယာဉ်တွင် လိုက်ပါမည့်သူများ၏ အကြောင်းအား သိရန်လိုပေမည်။ သို့မဟုတ်ပါက မိမိမသိလိုက်ချိန်မှာပင် အလိုလို အကြမ်းဖျက်မှုအား အားပေးသူ ဖြစ်သွားနိုင်ပါသည်။

 

ပုဒ်မခွဲငယ် (၁၈) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက် အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေး ပြုလုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် (သို့မဟုတ်) သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများဆိုသည်မှာ အထက်တွင်ဖော်ပြထားသော ပုဒ်မခွဲငယ် (၁၇) အား ဖြည့်စွက်ခြင်းဖြစ်ရာ အထူးသဖြင့် အိမ်ငှားတင်ရာတွင် အိမ်ရှင်များအနေဖြင့် အထူးသတိပြုရမည့်အချက်ဖြစ်သည်။

 

အထက်ပါ ပုဒ်မအချက်အလက်များအပြင် အကြမ်းဖက်အဖွဲ့အစည်းဟု ကြေငြာထားသောအဖွဲ့များအား ငွေနှင့် အခြားသောပစ္စည်းအမျိုးမျိုးအား ထောက်ပံ့ခြင်းသည်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၂) နှင့် ငြိစွန်းလေသည်။ ယခု social media တွင် အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံမှ အကြောင်းအမျိုးမျိုးပြကာ အလှူခံနေခြင်းများရှိသကဲ့သို့ ပရဟိတအဖွဲ့အယောင်ဆောင်ကာ ကူညီထောက်ပံ့ပေးနေခြင်းများ ရှိလေသည်။

 

ထိုသို့လှူဒါန်းရာတွင် အလှူငွေကောက်ခံသူ၊ ပေးပို့သူ၊ လှူသောသူ သို့မဟုတ် ထောက်ပံ့သူများသည် ဥပဒေ အရ အရေးယူခံရနိုင်လေသည်။ အစိုးရအနေဖြင့် ဘဏ်ဖြင့်ဖြစ်စေ၊ အခြားသော ငွေကြေးလွှဲပြောင်းမှုတစ်ခုခု ဖြင့်ဖြစ်စေ ငွေကြေးလွှဲပြောင်းမှုအား တားဆီးနိုင်သော ခြေရာခံနိုင်သော အာဏာရှိလေသည်။ ထို့ကြောင့်ပင် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့အစည်းများ၊ ၎င်းတို့ဘက်တော်သားများ၊ လော်ဘီများ ၏ ဘဏ်စာရင်းများအား ပိတ်ပစ်ခြင်း၊ တားဆီးခြင်းများ လုပ်ဆောင်နိုင်ခဲ့လေသည်။

 

ဘဏ်ငွေစာရင်းဖြစ်စေ မိုဘိုင်းဘဏ်စာရင်းဖြစ်စေ ပိုင်ရှင်၏ကိုယ်ရေးအချက်အလက်များဖြင့်သာ လုပ်ရသဖြင့် ထိုအချက်အလက်များအား အစိုးရအနေဖြင့် အချိန်မရွေးစစ်ဆေးနိုင်လေသည်။ ထိုသို့ စစ်ဆေးတွေ့ရှိချိန်တွင် မည်သည့်နည်းဖြင့်မျှ ရှောင်နိုင်မည် မဟုတ်သဖြင့် စင်းစင်းကြီးမိကြမည်ဖြစ်သည်။ ဉပဒေပြင်ဆင်ချက်များ စတင်ပြုလုပ်သည်ဆိုကတည်းကပင် ထိုဥပဒေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ထောက်ခံသူများ အား အိမ်စောင့်အစိုးရမှ ဖိဖိစီးစီး စီစစ်ကာ အရေးယူတော့မည်ဟု သတိပေးလိုက်သည်ပင်ဖြစ်လေသည်။ ဆိုရှယ်မီဒီယာတွင် အကြမ်းဖက်အဖွဲ့အစည်း logo များဖြင့် လူများစွာရှိလေရာ လူအများမိုးခါးရေသောက် သဖြင့် သောက်မိပါသည်ဟု ဆင်ခြေဖြင့် ရှောင်သော်ရမည် မဟုတ်ပေ။ ဥပဒေသည် မသိလို့မှားမိပါသည်ဟု ဆင်ခြေတက်နိုင်သည့်အရာ မဟုတ်ပေ။ မှားမိပါက ဥပဒေဓားစက်သည် အယုတ်အလတ်အမြတ်မရွေး ခုတ်ပိုင်းမည်သာဖြစ်လေရာ အများပြည်သူများအနေဖြင့် ဆွမ်းခံရင်းငှက်သင့်ဆိုသကဲ့သို့ အကြမ်းဖက်သမား များနှင့် ဆက်နွယ်မိပါက ပျက်စီးနိုင်ပါသည်။ ထိုသို့တစ်နွယ်ငင်တစ်စင်ပါ ပြစ်မှုကျူးလွန်သူနှင့် ကြံရာပါများ မဖြစ်စေရန် အထူးသတိပြုသင့်ကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

 

ဥပဒေပညာရှင်တစ်ဦး

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

#PeopleMedia


Share this post