• Follow Us on

Home နစကကောင်စီကို ကြိုဆိုကြောင်း ၂၈ ပါတီ ပူးပေါင်းထုတ်ပြန်မှုတွင် လက်မှတ်ရေးထိုးခဲ့သည့် “ဝ” အမျိုးသား ပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ပါတီမှ နုတ်ထွက်

နစကကောင်စီကို ကြိုဆိုကြောင်း ၂၈ ပါတီ ပူးပေါင်းထုတ်ပြန်မှုတွင် လက်မှတ်ရေးထိုးခဲ့သည့် “ဝ” အမျိုးသား ပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ပါတီမှ နုတ်ထွက်

Share this post

ရန်ကုန်၊ သြဂုတ် ၁၄ (People Media)

 

န-စ-က ကောင်စီကို ကြိုဆိုကြောင်း သြဂုတ်လ ၄ ရက်နေ့က ၂၈ ပါတီ ပူးပေါင်းထုတ်ပြန်မှုတွင် ပါဝင်လက်မှတ် ပါဝင်ရေးထိုးခဲ့သည့် ဝအမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပါတီဥက္ကဋ္ဌ တာဝန်နှင့် ပါတီဝင်များအဖြစ်မှ အပြီးအပိုင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။

 

ဦးဆိုင်းပေါင်းနပ် ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့်ပက်သက်ပြီး “ဝ”အမျိုးသားပါတီက သြဂုတ် ၆ ရက်နေ့ ထုတ်ပြန်ခဲ့ရာ ဦးဆိုင်ပေါင်းနပ် ပါဝင်လက်မှတ်ရေးထိုးထားခြင်းသည် မိမိတို့ပါတီဗဟိုကော်မတီဝင်များကို ကြိုတင်အသိပေးခြင်း အများ၏ သဘောထားရယူခြင်း၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းအလျင်းမရှိကြောင်း သို့ဖြစ်၍ ဤလုပ်ရပ်သည် ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဦးဆိုင်ပေါင်းနပ်မှာ ပါတီဥက္ကဋ္ဌတာဝန်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

 

နုတ်ထွက်စာတွင် ယခုအခါ မိသားစုများ၏ စိတ်အေးချမ်းသာယာမှုကို ရှေးရှုနိုင်ရန်သော်လည်းကောင်း၊ ပါတီတွင် ဆက်လက်တာဝန်ယူမည့် လူငယ်၊ လူရွယ်များ အသက်အပိုင်းအခြားအလိုက် ပါတီလုပ်ငန်း တာဝန်များကို စိတ်တိုင်းကျ စီမံခန့်ခွဲဆောင်ရွက်သွားနိုင်ရေးကို ရည်ရွယ်၍ မိမိ၏တာဝန်ဖြစ်သော ပါတီ ဥက္ကဋ္ဌတာဝန်နှင့် ပါတီဝင်အဖြစ်မှ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှစ၍ အပြီးအပိုင် နုတ်ထွက်ပြီးဖြစ် ကြောင်းသိရသည်။

 

ဦးဆိုင်ပေါင်းနပ်သည် မြန်မာနိုင်ငံရေးလောကတွင် “ဝ” အမျိုးသားအရေးကို ၁၉၇၁ ခုနှစ်မှ ယနေ့အချိန်ထိ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်ခဲ့သည့် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သလို ရှေ့နေတစ်ဦးလည်း ဖြစ်သည်။

 

#PeopleMedia #ဝအမျိုးသားပါတီ

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post