• Follow Us on
Latest News

Home နစကကောင်စီဥက္ကဋ္ဌ၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း BGF၊ ပြည်သူ့စစ်အဖွဲ့အပါအဝင် စီးပွားရေးလုပ်ငန်း ရှင်များအား တွေ့ဆုံသွားမည်

နစကကောင်စီဥက္ကဋ္ဌ၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း BGF၊ ပြည်သူ့စစ်အဖွဲ့အပါအဝင် စီးပွားရေးလုပ်ငန်း ရှင်များအား တွေ့ဆုံသွားမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ဥက္ကဋ္ဌ၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း၌ BGF နှင့် ပြည်သူ့ စစ်အဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

 

“နယ်ခြားစောင့်တပ်တွေ ပြည်သူ့စစ်ရယ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့မယ်လို့သိရတယ်” လို့ နယ်ခြား စောင့်တပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

စက်တင်ဘာ ၁၆ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြင်ဦးလွင် ခရီးစဉ်ပြီးနောက် ကချင်ပြည်နယ်အား ဆက်လက် သွားရောက်ခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………………………

 


 


 


 


 



Share this post