• Follow Us on

Home နစက၏ ဦးတည်ချက်များတွင် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်း နိုင်ရေးအတွက်ဆောင်ရွက်သွားမည်ဖြစ်၍ မိမိတို့အနေဖြင့် များစွာဝမ်းမြောက်ကြောင်း RCSS အတွင်းရေးမှူး (၁) ပြောကြား

နစက၏ ဦးတည်ချက်များတွင် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်း နိုင်ရေးအတွက်ဆောင်ရွက်သွားမည်ဖြစ်၍ မိမိတို့အနေဖြင့် များစွာဝမ်းမြောက်ကြောင်း RCSS အတွင်းရေးမှူး (၁) ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များတွင် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်း မပြု ဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ မိမိတို့အနေဖြင့် များစွာ ဝမ်းမြောက်ကြောင်း RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

 

အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကောင်မတီ (NSPNC) နှင့် NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲတွင် RCSS မှ အထက်ပါ အတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

 

“နစကရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ NCA ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမယ်လို့ ဖော်ပြသလို နစကရဲ့ ဦးတည်ချက် (၉) ရပ်မှာလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကိုလည်း ထပ်လောင်းဖော်ပြထားတာကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း နိုင်ရေးအတွက် ဆက်လက်ဆောင်ရွယ်သွားမည်ဆိုတာဖြစ်လို့ မိမိတို့အနေနဲ့ များစွာ ဝမ်းမြောက်ကြောင်း ပြော လိုပါတယ်” ဟု RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

 

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ (၇၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် ၂၀၂၂ ခုနှစ် နှစ် ကုန်ပိုင်းအထိ တပ်မတော်အနေဖြင့် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုင်မှုရပ်စဲထားကြောင်း၊ ကြိုတင်ကန့်သတ် ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းချက်များနှင့်အတူ NCA ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမှာဖြစ်ကြောင်း စသည့် ပြောကြားချက်များ သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ရော ဖယ်ဒရယ်တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက်ပါ အရေးကြီးသည့် အပြုသဘောဆောင် ဖြေလျှော့မှုများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

(unicode)


…………………………………………

 


 


 


 


 



Share this post