• Follow Us on

Home နည်းပညာတက္ကသိုလ်(လွိုင်ကော်) ပိုင် ကျပ်သိန်း ၁၁၈၀ တန်ဖိုးရှိသော ကျောင်းသုံး ကွန်ပျူတာ၊ Laptop၊ မိတ္တူကူးစက်များ ပျောက်ဆုံး၊ အဆိုပါ ပျောက်ဆုံးမှုသည် KNPP/PDF အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

နည်းပညာတက္ကသိုလ်(လွိုင်ကော်) ပိုင် ကျပ်သိန်း ၁၁၈၀ တန်ဖိုးရှိသော ကျောင်းသုံး ကွန်ပျူတာ၊ Laptop၊ မိတ္တူကူးစက်များ ပျောက်ဆုံး၊ အဆိုပါ ပျောက်ဆုံးမှုသည် KNPP/PDF အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

Share this post

မန္တလေး၊ မတ် ၁၀

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်) ပိုင် ကျပ်သိန်း ၁၁၈၀ တန်ဖိုးရှိသော ကျောင်းသုံး ကွန်ပျူတာ၊ Laptop၊ မိတ္တူကူးစက်များ ပျောက်ဆုံး၊ အဆိုပါ ပျောက်ဆုံးမှုသည် KNPP/PDF အဖွဲ့ တို့၏ လက်ချက်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၉ ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

 

ကယားပြည်နယ်၌ KNPP/PDF အဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်း၌ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိလာပြီဖြစ်သဖြင့် တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းကော်မတီအဖွဲ့ ဖြင့် ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်၍ လုံခြုံရေးအခြေအနေအရ ခွင့်ပြုသည့်အချိန်များတွင် သွားရောက်စစ်ဆေး ခဲ့သည်။

 

ထိုသို့ စစ်ဆေးရာတွင် တက္ကသိုလ်ရှိ ဌာနကြီး ၇ ခုမှ ကွန်ပျူတာ ၂၂ လုံး၊ Laptop ၄၉ လုံး၊ Printer ၁၆ လုံး၊ မိတ္တူကူး စက် ၁၆ လုံး၊ ရုံးသုံးပရိဘောဂများ စုစုပေါင်းခန့်မှန်းကာလတန်ဖိုးငွေကျပ် ၁၁၈၀ သိန်းခန့် ပျောက်ဆုံး ပျက်စီးခဲ့သည်။

 

အဆိုပါပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုနှင့်ပတ်သက်၍ မတ် ၇ ရက်တွင် လွိုင်ကော်မြို့မရဲစခန်း၌ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးဉပဒေဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ကယား ပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လာ ခဲ့ပြီး လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာ အကွယ်ရယူ၍ လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချ၍ လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာ ခဲ့သည်။

 

အဆိုပါဖြစ်စဉ်အပေါ် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်” နည်းပညာတက္ကသိုလ် (လွိုင် ကော်) ရှေ့တွင် ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ လွိုင်ကော်မြို့မှ အကြမ်းဖက်သမား များအခြေပြုနေထိုင်လှုပ်ရှားခဲ့သည့် နမ့်မယ်ခုံကျေးရွာနှင့် မိုးဗြဲမြို့များသို့ ဆက်သွယ်ထားပြီး တိုက်ပွဲဖြစ်ပွားရာ တွင် အကြမ်းဖက်သမားများ အများဆုံးအသုံးပြုခဲ့သည့်လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ လမ်းကြောင်းပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း၌လည်း ဒေသခံများ တိမ်းရှောင်လျက်ရှိသဖြင့် နေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများမှ ပစ္စည်းများအား အကြမ်းဖက်သမားများမှ ဖျက်ဆီးခြင်း၊ ခိုးယူခြင်းများ လုပ်ဆောင်ခဲ့သော ကြောင့် ပြည်သူတို့၏ စည်းစိမ်ဉစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

 

ယခုတက္ကသိုလ်အတွင်းမှ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးခဲ့ရခြင်း သည်လည်း အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ပျက်စီး စေရန်နှင့် ပညာသင်ကြားမှုကို ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များပင်ဖြစ်နိုင် ကြောင်း သုံးသပ်တွေ့ရှိရကြောင်း ဖော်ပြထားသည်။ လက်ရှိအချိန်၌ ကယားပြည်နယ်၌ ပြည်သူလူထု၏ အဆောက်အဦးများ၊ပြည်သူများကို အကာအကွယ်ရယူ၍ စစ်ရေးဖော်ဆောင်နေသည့် သောင်းကျန်းသူများကို တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia

 

(unicode)


………………………………….

 

မန်တလေး၊ မတျ ၁၀

 


 


 


 


 


 


 


 

#PeopleMedia


Share this post