• Follow Us on

Home နည်းပညာပြဿနာများဖြေရှင်းရန် ကြန့်ကြာနေသော်လည်း အမေရိကန်ကြည်းတပ်က ချင်းနွတ်ရဟတ်ယာဉ် သစ်များတည်ဆောက်ရန် ဘိုးရင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို

နည်းပညာပြဿနာများဖြေရှင်းရန် ကြန့်ကြာနေသော်လည်း အမေရိကန်ကြည်းတပ်က ချင်းနွတ်ရဟတ်ယာဉ် သစ်များတည်ဆောက်ရန် ဘိုးရင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁ (People Media)

 

အမေရိကန်ကြည်းတပ်နှင့် ဘိုးရင်းကုမ္ပဏီတို့ ရဟတ်ယာဉ်တည်ဆောက်ရေးစီမံကိန်းတွင် နည်းပညာဆိုင်ရာ ပြ ဿနာများနှင့်ပတ်သက်၍ ဆက်လက်ကိုင်တွယ်ဆောင်ရွက်နေကြစဉ်အတွင်း အမေရိကန်ကြည်းတပ်အတွက် CH-47F Block II ရဟတ်ယာဉ် (ချင်းနွတ်ရဟတ်ယာဉ်) ငါးစင်း ပထမအသုတ်တည်ဆောက်ရန် ဒေါ်လာ ၃၉၁ သန်းတန် စာချုပ်တစ်ခုကို အမေရိကန်ကြည်းတပ်က ဘိုးရင်းကုမ္ပဏီနှင့် ချုပ်ဆိုလိုက်သည်။

 

ချင်းနွတ်ရဟတ်ယာဉ်နောက်ဆုံးပေါ်မူကွဲအမျိုးအစား ထုတ်လုပ်ရန်အတွက် ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပထမ ဦးဆုံးထုတ်လုပ်ခွင့်ကန်ထရိုက်ရရှိမည်ဖြစ်သည်ဟု ယုံကြည်မှုရှိကြောင်း ယခုနှစ်အစောပိုင်းကာလက ဘိုးရင်း ကုမ္ပဏီကထုတ်ဖော်ပြောကြားခဲ့သည်။ ရဟတ်ယာဉ်ထုတ်လုပ်ရေးစီမံကိန်းမှာ ၂၀၂၅ ခုနှစ်တွင် CH-47F Block II ရဟတ်ယာဉ်များ အမေရိကန်ကြည်းတပ်သို့ပို့ဆောင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။

 

ဘိုးရင်းကုမ္ပဏီသည် အထူးစစ်ဆင်ရေးရဟတ်ယာဉ်များဖြစ်သော MH-47G ပထမအသုတ်ကို တင်ပို့ခဲ့ပြီးဖြစ်ပြီး စုစုပေါင်း ၂၄ စင်းမှာယူထားကြောင်းသိရသည်။

 

CH-47F Block II ရဟတ်ယာဉ်မှာ ပန်ကာအသစ်များ၊ ဆီဖြည့်စနစ်အသစ်များ၊ အီလက်ထရောနစ်စနစ်အသစ် များ၊ အမြင့်ဆုံး ပေါင် ၅၄,၀၀၀ အထိ သယ်ဆောင်နိုင်သည့် ပိုမိုခိုင်မာသောရဟတ်ယာဉ်ကိုယ်ထည်တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

 

အမေရိကန်ကြည်းတပ်သည် အနာဂတ်ကာလတွင် ရဟတ်ယာဉ်များဝယ်ယူနိုင်ရေး ဘတ်ဂျက်ရရှိအောင် G-model မူကွဲအမျိုးအစားရဟတ်ယာဉ်များကို ဝယ်ယူရန်သာ တင်ပြခဲ့သည်။ သို့သော် ကွန်ဂရက်လွှတ်တော်က သဘောမတူခဲ့ဘဲ ၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ကြည်တပ်အတွက် CH-47F Block II ရဟတ်ယာဉ် ငါးစင်းဝယ်ယူ ရန် ဘတ်ဂျက်ချထားပေးခဲ့သည်။

 

အောက်လွှတ်တော်အမတ်များနှင့် အထက်လွှတ်တော်အမတ်များက ၎င်းတို့အနေဖြင့် ရဟတ်ယာဉ်မူကွဲများ ထပ်မံဝယ်ယူနိုင်ရန်အတွက် ၂၀၂၂ ခုဘဏ္ဍာနှစ်တွင် ရန်ပုံငွေများထပ်မံပေါင်းထည့်ပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသော်လည်း ကာကွယ်ရေးမူဝါဒနှင့် ဘတ်ဂျက်ဥပဒေကြမ်းတွင် သဘောတူလက်ခံ ထားခြင်း မရှိသေးပေ။

 

Block II မူကွဲရဟတ်ယာဉ်သည် ယခုနှစ်နွေဦးအစောပိုင်းကာလတွင် ပြန်လည်စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ပျံသန်းချိန်နာရီများကို စတင်မှတ်တမ်းတင်ခဲ့သည်။ ဘိုးရင်းကုမ္ပဏီက ရဟတ်ယာဉ်ပန်ကာသစ်များကို စမ်း သပ်ပြီး ယင်းပန်ကာသစ်များမှာ နောက်ထပ် ပေါင် ၂,၅၀၀ ကို မတင်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့သည်။ ကုမ္ပဏီသည် ပန်ကာသစ်များနှင့် မြေပြင်စမ်းသပ်မှုများ ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

 

Ref: Army awards Boeing Chinook contract despite lingering technical issues

 

#PeopleMedia

 

(unicode)


……………………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Army awards Boeing Chinook contract despite lingering technical issues

 

#PeopleMedia


Share this post