• Follow Us on

Home နည်းပညာမြင့်တိုက်လေယာဉ်များဝယ်ယူရန် အစီအစဉ်မရှိဟု ထိုင်း တော်ဝင်လေတပ်ဆို

နည်းပညာမြင့်တိုက်လေယာဉ်များဝယ်ယူရန် အစီအစဉ်မရှိဟု ထိုင်း တော်ဝင်လေတပ်ဆို

Share this post

နည်းပညာမြင့်မားတဲ့ တိုက်လေယာဉ်တွေ ထပ်မံဝယ်ယူဖို့ရှိနေတယ် ဆိုတဲ့သတင်းကို ထိုင်းတော်ဝင်လေတပ်ကို ငြင်းဆိုလိုက်ပါတယ်။

ထိုင်းတော်ဝင်လေတပ်ဟာ အမေရိကန်ထုတ် F-35 ဘက်စုံသုံး တိုက် ခိုက်ရေးလေယာဉ်အပါအ၀င် နည်းပညာနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေ တာဖြစ်ပါတယ်။

ထိုင်းလေတပ်ဦးစီးချုပ်က ၄င်းတို့ရဲ့မူဝါဒဟာ အစီးလိုက်ဝယ်ယူရေး မဟုတ်ကြောင်းနဲ့ ၀ယ်ယူထုတ်လုပ်ရေးမူဝါဒကို ကျင့်သုံးဖို့ အကောင် အထည် ဖော်လျက်ရှိနေကြောင်းပြောကြားခဲ့ပါတယ်။

အခုလိုအစီအစဉ်ကို လာမယ့် ၃ နှစ်က ၅ နှစ်အတွင်း စတင်ကျင့်သုံးသွား မယ်လို့လည်း ထိုင်းလေတပ်ဦးစီးချုပ်က ပြောပါတယ်။

ထိုင်းတော်ဝင်လေတပ်ရဲ့ မူဝါဒအရ ၄င်းတို့အနေနဲ့ အတွင်းစက်ကိရိယာ ပိုင်းထုတ်လုပ်မှု မှာပါဝင်ခွင့်ရရင် ကာကွယ်ရေးနဲ့ နည်းဗျူဟာကိုယ်ထည် ပိုင်းကို သာဝယ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။

ထိုင်းတော်ဝင်လေတပ်အနေနဲ့ နောက်ထပ် ၂ နှစ်တာကာလအတွင်း တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ အစီအစဉ်မရှိဘူးလို့လည်း သတင်းရရှိပါ တယ်။

Ref; bangkokpost.com


Share this post