• Follow Us on

Home နည်းဗျူဟာမြောက်ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားဝန်ခံ

နည်းဗျူဟာမြောက်ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားဝန်ခံ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈ (People Media)

 

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ ဒုံးကျည်စီမံကိန်းအရ နည်းဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ် လွှတ်ခဲ့သည်ဟု ဇန်နဝါရီလ ၁၇ ရက်နေ့က ဝန်ခံလိုက်ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနကို ကိုး ကား၍ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်သည်။

 

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းရှိ လေဆိပ်တစ်ခုမှ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောဆိုခဲ့ပြီးနောက် ယခုသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

နည်းဗျူဟာမြောက်ဒုံးကျည်တစ်စင်းကို နိုင်ငံအနောက်ပိုင်းရှိ ကာကွယ်ရေးသိပ္ပံအကယ်ဒမီက စမ်းသပ်ပစ်လွှတ် ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်သည် အရှေ့ဘက်ကမ်းရိုးတန်းကမ်းလွန်ပင်လယ်ပြင်ရှိ သတ်မှတ်ထားသောပစ်မှတ်ကျွန်း ကို တိကျစွာထိမှန်ခဲ့ကြောင်း KCNA သတင်းဌာနက ကြေညာခဲ့သည်။

 

“စမ်းသပ်ပစ်ခတ်မှုဟာ နိုင်ငံက ထုတ်လုပ်ပြီး တပ်ဖြန့်ချထားတဲ့ နည်းဗျူဟာမြောက်ဒုံးကျည်တွေကို ဆန်းစစ် အကဲဖြတ်ဖို့နဲ့ လက်နက်စနစ်ရဲ့တိကျမှုကို အတည်ပြုဖို့အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီစမ်းသပ်ပစ် ခတ်မှုက လက်နက်စနစ်ရဲ့ တိကျမှု၊ လုံခြုံရေးနဲ့ ထိရောက်မှုတွေကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။” ဟု မြောက် ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ပြောသည်။

 

အဆိုပါစမ်းသပ်ပစ်ခတ်မှုသည် လတ်တလောကာလအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ စတုတ္ထမြောက်စမ်းသပ် ပစ်ခတ်မှုဖြစ်သည်။ ဇန်နဝါရီလ ၅ ရက်နေ့က မြောက်ကိုရီးယားအစိုးရသည် ဟိုက်ပါဆောနစ်ဒုံးကျည်ကို စမ်း သပ်ပစ်ခတ်ခဲ့ရာ သတ်မှတ်ထားသောပစ်မှတ်ကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

 

လွန်ခဲ့သည့်သီတင်းပတ်ကလည်း ဟိုက်ပါဆောနစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယား အ စိုးရက ကြေညာခဲ့သည်။

 

ဒုံးကျည်သည် ကီလိုမီတာ ၁၀၀၀ ကွာဝေးသော ပင်လယ်ပြင်မှ သတ်မှတ်ထားသည့်ပစ်မှတ်ကို တိုက်ရိုက်ထိမှန် ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံက ကြေညာခဲ့ပြီး ယင်းစမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တက်ရောက်ခဲ့ကြောင်းသိရသည်။

 

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများဆက်လက်ဆောင်ရွက်နေသောကြောင့် အမေရိကန် သမ္မတဘိုင်ဒန်အစိုးရက အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ပြဋ္ဌာန်းခဲ့ရာ ယင်းအရေးယူပိတ်ဆို့မှုပြဋ္ဌာန်းချက် နှင့်ပတ်သက်၍ တုံ့ပြန်သည့်အနေဖြင့် လွန်ခဲ့သည့်သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံက ရထားအခြေစိုက် ဒုံးပစ်စင်မှ ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်ခတ်ခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်ခတ်လျက်ရှိပြီး ၂၀၂၁ ခုနှစ်အတွင်း ဆက်တိုက် စမ်းသပ်ပစ်ခတ်ခဲ့ရာ လွန်ခဲ့သည့် အောက်တိုဘာလအတွင်းက ရေငုပ်သင်္ဘောအခြေစိုက် ပဲ့ထိန်းဒုံးကျည် အ သစ်တစ်စင်းကို ပစ်ခတ်ခဲ့သည်။

 

မြောက်ကိုရီးယားအစိုးရသည် အမေရိကန်ပြည်ထောင်စုနှင့် ပြုလုပ်နေသော နျူကလီးယားဖျက်သိမ်းရေးဆွေး နွေးပွဲများကို ရပ်ဆိုင်းလိုက်ပြီးနောက် ၎င်းတို့၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုအစီအစဉ်များကို ပြန်လည်စတင်ခဲ့သည်။

 

Ref: North Korea acknowledges latest test of missiles, its fourth in recent weeks.

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: North Korea acknowledges latest test of missiles, its fourth in recent weeks.

 

#PeopleMedia


Share this post