• Follow Us on

Home နတ်တလင်းမြို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးသည် အစည်းအဝေးမှအပြန် လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ သော်လည်း ကျည်မထွက်၍ အသက်ဘေးမှ လွတ်မြောက်

နတ်တလင်းမြို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးသည် အစည်းအဝေးမှအပြန် လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ သော်လည်း ကျည်မထွက်၍ အသက်ဘေးမှ လွတ်မြောက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၊ မင်းဘူးကျေးရွာအုပ်ချုပ်ရေးမှူးသည် အစည်းအဝေးမှအပြန် လမ်းခရီး၌ လူ ၂ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံခဲ့သော်လည်း ကျည်မထွက်၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီခန့်၌ အုပ်ချုပ်ရေးမှူးစီးနှင်းလာသည့် ဆိုင်ကယ်ကို လူငယ်နှစ်ဦး မှ တွန်းလဲှပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

 

“ညနေ ၄ နာရီမှာ အစည်းဝေးကပြန်လာတာ။ မဒငယ်ရွာနဲ့ မင်းဘူးကျွန်းကြား ဆည်ဘောင်ပေါ်မှာ လူငယ်နှစ် ဦးက အုပ်ကြီးဆိုင်ကယ်ကို တွန်းပြီး ပါလာတဲ့ပစ္စတိုနဲ့ ၃ ချက်ပစ်တာ ကျည်မထွက်ဘူး။ မထွက်တော့ သူတို့ ထွက်ပြေးသွားတယ်” လို့ မင်းဘူးကျေးရွာ၌ နေထိုင်သည့် ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက မုံရွာမြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရ သော်လည်း ကျည်မထွက်၍ အသတ်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ဓါးဖြင့်လုပ်ကြံခြင်းခံခဲ့ရသည်။

 

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ဓါးဒဏ်ရာကို ဆေးကုသမှုခံယူပြီးနောက် တာဝန်မှ နုတ်ထွက်ခဲ့သည်။

 

Photo – credit

 

#PeopleMedia #နတ်တလင်းမြို့ #အုပ်ကြီး

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 

Photo – credit

 



Share this post