• Follow Us on
Latest News

Home နန်းယွန်းမြို့အဝင်ဂိတ်တွင် ဖမ်းခံရသည့် Free Burma Rangers သင်တန်းဆင်း နာဂလူငယ်သုံးဦး ဖမ်းဆီးခံရ

နန်းယွန်းမြို့အဝင်ဂိတ်တွင် ဖမ်းခံရသည့် Free Burma Rangers သင်တန်းဆင်း နာဂလူငယ်သုံးဦး ဖမ်းဆီးခံရ

Share this post

နန်းယွန်း၊ နိုဝင်ဘာ ၂၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်ဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖွဲ့စည်းထားသည့် အရှေ့ပိုင်းနာဂဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(Estern Naga Development Organazation)၏ ချိတ်ဆက်မှုဖြင့် Free Burma Rangers သင်တန်းဆင်း နာဂလူငယ် သုံးဦး ဖမ်းဆီးခံထားရသည်။

 

ယင်းလူငယ်သုံးဦးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက နန်းယွန်းမြို့အဝင်တွင်ထိုင်ထားသည့် တပ်မတော်စစ် ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယနေ့ထိပြန်လွတ်လာခြင်းမရှိသည့်အပြင် ဆက်သွယ်၍လည်း မရသေး ကြောင်း ဖမ်းခံရသည့်လူငယ်သုံးဦးနှင့် ရင်းနှီးသူမိသားစုဝင်များထံမှ သိရသည်။

 

”အဲ့ဒီဖမ်းခံရတဲ့သုံးယောက်ထဲမှာ ကျွန်တော်တို့တခက်ကျေးရွာက လူငယ်တစ်ယောက်ပါတယ်။ သူ့မိဘတွေ နဲ့က ဘာမှအချိတ်အဆက်မရဘူး၊ သူ့မိဘတွေလည်း ချိတ်ဆက်ဖို့ ဘာမှအဆင်မပြေဘူးဖြစ်နေတယ် လော လောဆယ်တော့ သွားတွေ့ဖို့လည်းမလုပ်သေးဘူး၊ နန်းယွန်းဆိုတော့ ဝေးတယ်” ဟု ယင်းမိသားစုနှင့် ရင်း နှီးသူတခက်ကျေးရွာအမျိုးသားတစ်ဦးကပြောသည်။

 

အဆိုပါဖမ်းခံရသည့်လူငယ်သုံးဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်ဆောင်မြို့မှ တစ်ဦး၊ တနိုင်းမြို့နယ် ခလုံး ကျေးရွာမှတစ်ဦးနှင့် အထက်တွင်ဖော်ပြခဲ့သည့် တခက်ကျေးရွာမှတစ်ဦးပါဝင်ပြီး ယင်းလူငယ်သုံးဦးမှာ ENDO လူမှုအဖွဲ့အစည်း၏ချိတ်ဆက်မှုဖြင့် Free Burma Rangers သင်တန်းတက်ထားသူများဖြစ်ပြီး ဖမ်းဆီးခံ လိုက်ရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ တခက်ကျေးရွာနေအမျိုးသားတစ်ဦးက ယခုကဲ့သို့ပြောသည်။

 

”အဲ့ဒီကလေးသုံးယောက်သင်တန်းသွားယူတာက Free Burma Rangers ဆိုပြီးသင်တန်းသွားယူတာ ဟုတ် တယ်။ သူတို့ကို ဖမ်းတဲ့အချိန်မှာ သူတို့က Free Burma Rangers ဆိုပြီးပြောလိုက်တာ။ ဒါပေမယ့် အခုဒီ ENDO အဖွဲ့အစည်းထဲမှာ ပါဝင်နေတဲ့လူတွေကလည်း အဲ့ဒီမှာပဲသင်တန်းသွားယူတာပေါ့ ဒါပေမယ့် အခု ကလေးတွေက Free Burma Rangers ဆိုပြီး ထွက်ဆိုလိုက်တော့ ဖမ်းခံရတာ” ဟု ဖမ်းခံရသည့် တခက် ကျေးရွာနေလူငယ်တစ်ဦးက ပြောသည်။

 

ဖမ်းခံရသည့် ယင်းလူငယ်သုံးဦးမှာ Free Burma Rangers သင်တန်းကို လွန်ခဲ့သည့်တစ်နှစ်ခန့်က တက်ခဲ့သူ များဖြစ်ပြီး ယခုကဲ့သို့ဖမ်းဆီးခံလိုက်ရသည့်အချိန်တွင် ENDO အနေဖြင့် ဖမ်းခံရသည့်လူငယ်သုံးဦး၏ မိသားစု ဝင်များအား ဆက်သွယ်လာခြင်းမရှိသည့်အပြင် ဖုန်းဆက်သွယ်၍လည်းမရတော့ကြောင်း မိသားစုဝင်များ ထံမှသိရသည်။

 

”ဒီကလေးတွေကို အလုပ်လာခေါ်တဲ့အချိန်မှာ သူတို့ကကလေးမိဘတွေဆီ ဆွဲဆောင်ခဲ့တာက ဒီ NGO အဖွဲ့နဲ့ ENDO လက်တွဲလုပ်နေတယ်၊ တရားဝင်ပုံစံလွတ်လွတ်လပ်ပ်လုပ်နေတယ်ဆိုပြီးပြောတော့ မိဘတွေကလည်း ယုံကြည်ပြီး အပ်လိုက်တာအခုက ကလေးတွကို အခုလိုဖမ်းလိုက်တော့ ENDO ကလည်း သူတို့နဲ့မသက်ဆိုင်ပါ ပြီးတော့ အမြဲဆက်သွယ်လို့ရတဲ့ ENDO တာဝန်ရှိပုဂ္ဂိုလ်တွေလည်း ခုကဆက်သွယ်လို့မရရှောင်နေတယ်လို့ သိရတယ်” ဟု မိသားစုဝင်များနှင့် ရင်းနှီးသူကပြောသည်။

 

တပ်မတော်က နိုင်ငံတော်တာဝန်ကို ယာယီတာဝန်ယူပြီး၌နောက်ပိုင်း စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် လူငယ်များဖမ်းဆီးခံရခြင်းမှာ ယခုတစ်ကြိမ်ပထမဦးဆုံးဖြစ်ကြောင်းသိရသည်။

 

မိုးညို(EPN)

 

#PeooleMedia #နာဂ #EPN

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 


 


 



Share this post