• Follow Us on

Home နမီးဘီးယားႏိုင္ငံက ဆင္႐ိုင္းအေကာင္ ၁၇၀ ကိုေလလံတင္ေရာင္းခ်

နမီးဘီးယားႏိုင္ငံက ဆင္႐ိုင္းအေကာင္ ၁၇၀ ကိုေလလံတင္ေရာင္းခ်

Share this post

၀င္ဟိုး၊ ဒီဇင္ဘာ ၄
 
မိုးေခါင္ေရ႐ွားမႈႏွင့္အေကာင္ေရျမင့္တက္လာမႈတို႔ေၾကာင့္ တန္ဖိုးႀကီးဆင္႐ိုင္းအေကာင္ ၁၇၀ ကို အာဖရိကတိုက္ေတာင္ပိုင္း႐ွိ နမီးဘီးယားႏိုင္ငံအစိုးရ၊ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ၀န္ႀကီးဌာနက ဗုဒၶဟူးေန႔တြင္ ေလလံတင္ေရာင္းခ်ခဲ့သည္။
 
ဆင္ႏွင့္လူတို႔ ထိပ္တိုက္ေတြ႕ဆံုသည့္ျဖစ္ရပ္ျမင့္တက္လာသျဖင့္ ေရာင္းခ်ျခင္းျဖစ္သည္ဟု အစိုးရပိုင္ေန႔စဥ္သတင္းစာ နယူးအီရာတြင္ေၾကာ္ျငာထားသည္။
 
နမီးဘီးယားႏိုင္ငံမွဆင္မ်ားသည္ တရားမ၀င္ေတာ႐ိုင္းတိရစာၦန္ေရာင္းခ်မႈႏွင့္ ေဂဟေဗဒဆိုင္ရာျပႆနာ မ်ားေၾကာင့္ မ်ိဳးတုန္းမည့္အႏၲရာယ္ၾကံဳေတြ႕ေနရသည္။
 
ႏိုင္ငံျခားမွ၀ယ္လက္မ်ားအေနျဖင့္ သူတို႔မိခင္ ႏိုင္ငံသို႔ ဆင္မ်ားတင္သြင္းခြင့္ျပဳေၾကာင္း အေထာက္အထား လိုအပ္သည္ဟု အစိုးရကေၾကညာသည္။
 
အျခားအာဖရိကႏိုင္ငံမ်ားကဲ့သို႔ နမီးဘီးယားႏိုင္ငံသည္လည္း တန္ဖိုးျမင့္မ်ိဳးစိတ္မ်ားကိုကာကြယ္ရန္ႏွင့္ သူတို႔ေၾကာင့္ လူသားမ်ားေနထိုင္မႈအႏၲရာယ္ႀကံဳလာရျခင္းတို႔ၾကား မွ်တရန္ ႀကိဳးစားေနသည္။
 
၁၉၉၅ ခုႏွစ္တြင္ ဆင္အေကာင္ေရ ၇၅၀၀ ခန္႔႐ွိရာမွ ၂၀၁၉ ခုႏွစ္တြင္ အေကာင္ေရ ၂၄၀၀၀ ႐ွိလာ သည္ဟု အစိုးရအခ်က္အလက္မ်ားအရသိရသည္။
 
Ref : Namibia is auctioning 170 wild elephants amid drought and rising population
 
#PeopleMedia
 
(unicode)
နမီးဘီးယားနိုင်ငံက ဆင်ရိုင်းအကောင် ၁၇၀ ကိုလေလံတင်ရောင်းချ
………………………………………..
 
ဝင်ဟိုး၊ ဒီဇင်ဘာ ၄
 
မိုးခေါင်ရေရှားမှုနှင့်အကောင်ရေမြင့်တက်လာမှုတို့ကြောင့် တန်ဖိုးကြီးဆင်ရိုင်းအကောင် ၁၇၀ ကို အာဖရိကတိုက်တောင်ပိုင်းရှိ နမီးဘီးယားနိုင်ငံအစိုးရ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် လေလံတင်ရောင်းချခဲ့သည်။
 
ဆင်နှင့်လူတို့ ထိပ်တိုက်တွေ့ဆုံသည့်ဖြစ်ရပ်မြင့်တက်လာသဖြင့် ရောင်းချခြင်းဖြစ်သည်ဟု အစိုးရပိုင်နေ့စဉ်သတင်းစာ နယူးအီရာတွင်ကြော်ငြာထားသည်။
 
နမီးဘီးယားနိုင်ငံမှဆင်များသည် တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းချမှုနှင့် ဂေဟဗေဒဆိုင်ရာပြဿနာ များကြောင့် မျိုးတုန်းမည့်အန္တရာယ်ကြုံတွေ့နေရသည်။
 
နိုင်ငံခြားမှဝယ်လက်များအနေဖြင့် သူတို့မိခင် နိုင်ငံသို့ ဆင်များတင်သွင်းခွင့်ပြုကြောင်း အထောက်အထား လိုအပ်သည်ဟု အစိုးရကကြေညာသည်။
 
အခြားအာဖရိကနိုင်ငံများကဲ့သို့ နမီးဘီးယားနိုင်ငံသည်လည်း တန်ဖိုးမြင့်မျိုးစိတ်များကိုကာကွယ်ရန်နှင့် သူတို့ကြောင့် လူသားများနေထိုင်မှုအန္တရာယ်ကြုံလာရခြင်းတို့ကြား မျှတရန် ကြိုးစားနေသည်။
 
၁၉၉၅ ခုနှစ်တွင် ဆင်အကောင်ရေ ၇၅၀၀ ခန့်ရှိရာမှ ၂၀၁၉ ခုနှစ်တွင် အကောင်ရေ ၂၄၀၀၀ ရှိလာ သည်ဟု အစိုးရအချက်အလက်များအရသိရသည်။
 
Ref : Namibia is auctioning 170 wild elephants amid drought and rising population
 
#PeopleMedia

Share this post