• Follow Us on

Home နမ့်စန်မြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ မက်သ်အဖက်တမင်း အလေးချိန် ၁၆၀၀ ကီလို ဖမ်းဆီးရမိ

နမ့်စန်မြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ မက်သ်အဖက်တမင်း အလေးချိန် ၁၆၀၀ ကီလို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၅ (People Media)

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှ မန္တလေးမြို့သို့သယ်ဆောင်မည့် ဆီဘောက်ဆာကားပေါ်တွင် ကာလတန်ဖိုးငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ မက်သ်အဖက်တမင်း အလေးချိန် ၁၆၀၀ ကီလိုကို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီး ကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးသို့ ယာဉ်မောင်း ဆန်းဝင်းအောင်(၄၁)နှစ် မောင်းနှင်ပြီး အောင်မြင့်ထွန်း(၂၉)နှစ် လိုက်ပါလာသည့် FUSO အမျိုးအစား ဆီဘောက်ဆာယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်၏ ဆီသိုလှောင်ကန်အတွင်း မူးယစ်ဆေးဝါးများ ထည့်သွင်းသယ်ဆောင်လာ ကြောင်း မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဆီသိုလှောင်ကန်အား ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်သို့ ဖွင့်ဖောက်စစ်ဆေးရာတွင် ကာလတန်ဖိုးငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၆၀၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော အိုက်စ်(မက်သ်အဖက်တ မင်း)များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။

 

#PeopleMedia #CCDAC Myanmar

 

(unicode)


……………………………………………………….

 


 


 


 


 

#PeopleMedia #CCDAC Myanmar


Share this post