• Follow Us on

Home နမ့်ခမ်းမြို့နယ်၊ နောင်ချိန်ကျေးရွာအနီးတွင် မော်တော်ယာဉ်(၃၃)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ


Share this post



#peoplemedia #သစ်တော

(unicode)
နမ့်ခမ်းမြို့နယ်၊ နောင်ချိန်ကျေးရွာအနီးတွင် မော်တော်ယာဉ်(၃၃)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
………………………………………………………………………………………

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၁၉) ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ရတစကခ(၇)မှ ဗိုလ်မှူးကျော်ထွေး ဦးစီးသော ရှေ့တန်းစစ်ကြောင်းမှ တပ်မတော်သားများသည် နမ့်ခမ်းမြို့နယ်၊ နောင်ချိန်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ(၈၀၀)ခန့်နေရာ၌ မော်တော်ယာဉ်(၃၃)စီးအားဖမ်းဆီးရမိခဲ့သည်။

ထိုနောက် မတ်(၁၄)ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဌာနက သတင်းထုတ်ပြန်ထားသည်။

#peoplemedia #သစ်တော


Share this post