• Follow Us on
Latest News

Home နမ့်ခမ်းမြို့နယ်၊ မြို့မဈေး၌ ဆက်ကြေးကောက်သည့် TNLA အဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီးနောက် ယနေ့ နံနက်၌ TNLA အဖွဲ့ မြို့တွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြန်အထွက်၌ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်နေ

နမ့်ခမ်းမြို့နယ်၊ မြို့မဈေး၌ ဆက်ကြေးကောက်သည့် TNLA အဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီးနောက် ယနေ့ နံနက်၌ TNLA အဖွဲ့ မြို့တွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြန်အထွက်၌ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်နေ

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၅ (People Media)

 

ဇန်နဝါရီ ၄ ရက်နေ့၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ မြို့မဈေးအတွင်းသို့ ဝင်ရောက်ဆက်ကြေးကောက် သည့် TNLA လက်နက်ကိုင် အဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယနေ့ နံနက်၌ TNLA အဖွဲ့သည် မြို့ တွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြန်အထွက်၌ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

 

“ဒီ နံနက် ၉ နာရီ ကျော်လောက်မှ လက်နက်ကြီးအသံတွေ နှစ်ဘက် ပစ်ခတ်သံတွေ ကြားနေရတယ်။ မွန်းလွဲ ၃ နာရီထိ ပစ်ခတ်သံတွေ ကြားနေရတယ်။ လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတွေကို မေးချင်တာက TNLA က လမ်း လျှောက်ပြီး စစ်ကြောင်းလို ချီတက်လာတာကို လုံခြုံရေးအဖွဲ့တွေက မမြင်တာလားဆိုတာ မေးချင်တယ်။” လို့ မြို့ခံတစ်ဦးက ပြောသည်။

 

ဇန်နဝါရီ ၄ ရက်နေ့၌ ဈေးအတွင်း ဆက်ကြေးကောက်နေသည့် TNLA လက်နက်ကိုင် အဖွဲ့ဝင်နှစ်ဦး ပစ် သတ်ခံရပြီးနောက် ယနေ့ နံနက်ပိုင်း၌ TNLA အဖွဲ့သည် မြို့တွင်းဝင်ရောက်မှု ပြုလုပ်ခဲ့သည်။

 

ထို့နောက် ၎င်းတို့ မြို့ပြင်အရောက်၌ လုံခြုံရေးအဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ထိုကဲ့သို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒေသခံရွာသားအချို့ လက်နက်ကြီးထိမှန်ပြီး နမ့်ခမ်းမြို့ ဆေးရုံကြီး၌ ဆေးကုသလျက်ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။

 

နမ့်ခမ်းမြို့သည် TNLA လက်နက်ကိုင်အဖွဲ့ အခြေပြုလှုပ်ရှားရာ မြို့နယ်တစ်ခုဖြစ်ပြီး TNLA အဖွဲ့သည် မြို့ နယ်အတွင်းရှိ စက်ဆုံးဆီဆိုင်များ၊ လုပ်ငန်းရှင်များ၊ ရွှေဆိုင်များ၊ ဆေးဆိုင်များ၊ ပုဂ္ဂလိကကျောင်းများကို ဆက် ကြေးကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia #နမ့်ခမ်းမြို့ #TNLA

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post