• Follow Us on

Home နမ့်ခမ်းမြို့မဈေးအတွင်းသို့ ဆက်ကြေးလာရောက်ကောက်ခံသည့် TNLA လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဈေးအတွင်း၌ သေဆုံး

နမ့်ခမ်းမြို့မဈေးအတွင်းသို့ ဆက်ကြေးလာရောက်ကောက်ခံသည့် TNLA လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဈေးအတွင်း၌ သေဆုံး

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၅ (People Media)

 

ဇန်နဝါရီ (၄) ရက်နေ့၊ မွန်းလွဲ (၁း၃၀) အချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့မဈေးအတွင်းသို့ ဆက်ကြေးလာရောက်ကောက်ခံသည့် TNLA လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ် ခံရ၍ ဈေးအတွင်း၌ သေဆုံးခဲ့သည်။

 

TNLA လက်နက်ကိုင်အဖွဲ့သည် နမ့်ခမ်းမြို့မဈေးရှိ ဈေးဆိုင်များ၊ မြို့ပေါ်အသီးသီးရှိ စားသောက်ဆိုင်များ၊ စက်သုံးဆီဆိုင်များ၊ လုပ်ငန်းရှင်များထံ ဆက်ကြေးကောက်လျက်ရှိသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

 

“မွန်းလွဲပိုင်း တစ်နာရီခွဲလောက်က သူတို့ ဈေးအတွင်းထဲကို ဆက်ကြေးလာကောက်တာ။ နှစ်ယောက်သေသွား တယ်။ ဘယ်သူက ပစ်တာလည်းတော့ မသိဘူး”လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ (၅) ရက်နေ့က ဈေးအတွင်းရှိ ဈေးဆိုင်များကို TNLA အဖွဲ့က ဆက်ကြေးလာရောက် ကောက်ခံမှုကြောင့် ဈေးအတွင်း၌ ဈေးရောင်းချသူများသည် ၅ ရက်ခန့် ဈေးပိတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

အလားတူ ဒီဇင်ဘာ ၂၈ ရက်၌ လက်နက်ကိုင်အဖွဲ့သည် ကားတစ်စီးဖြင့် ရောက်ရှိလာပြီး နမ့်ခမ်းမြို့ရှိ ဓါတ်မြေ သြဇာဆိုင်ကို လက်နက်ဖြင့် ပစ်ခတ်ရာ အရောင်းဝန်ထမ်းတစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံးခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post