• Follow Us on

Home နမ့်စန်မြို့၊ မြို့မဈေးထဲ၌ ရွှေဆိုင်ကို ဓားပြဝင်တိုက်သည့်အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဓားပြအဖွဲ့မှ နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရ

နမ့်စန်မြို့၊ မြို့မဈေးထဲ၌ ရွှေဆိုင်ကို ဓားပြဝင်တိုက်သည့်အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဓားပြအဖွဲ့မှ နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရ

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၈ (People Media)

 

ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ မြို့မဈေးရှိ ရွှေဆိုင်ကို ဓါးပြဝင် တိုက် သည့် လက်နက်ကိုင်အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ပြီးနောက် ဓါးပြအဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။

 

“မြို့မဈေးထဲက ရွှေဆိုင်ကို လက်နက်ကိုင် ဓားပြ ၆ ယောက်က ဝင်တိုက်တယ်။ မြို့မဈေးထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့ လုံခြုံရေးအဖွဲ့တွေရောက်လာပြီး ဓားပြတွေနဲ့ ပစ်ကြတယ်။ ဓားပြ ၂ ယောက်က ဒဏ်ရာရပြီး မပြေးနိုင်တဲ့အတွက် တိုက်ရာပါ ရွှေထည်ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်။ ကျန် ဓားပြ ၄ ယောက်က ထွက်ပြေး သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “ဖြစ်တာက ညနေ ၃ နာရီဝန်းကျင်မှာပါ။ လုပ်ငန်းဆောင်ရွက်နေ ဆဲမို့ ဘာမှပြောဖို့ မရှိဘူး။ ရွှေထည်ပစ္စည်းတွေ ပါဆုံးတာ မရှိဘူး။” လို့ ပြောပါတယ်သည်။

 

လက်ရှိအချိန်၌ ထွက်ပြေးလွတ်မြောက်သွားသည် ဓါးပြအဖွဲ့ဝင် ၄ယောက်ကို လုံခြုံရေးအဖွဲ့များက လိုက်လံရှာ ဖွေလျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #နမ့်စန်မြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post