• Follow Us on

Home နမ့်စီဝေါဘေလီတံတား၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးရန် အသင့်ထောင် ထားသော လက်လုပ်မိုင်းများအား တပ်မတော်မှ ရှင်းလင်း

နမ့်စီဝေါဘေလီတံတား၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးရန် အသင့်ထောင် ထားသော လက်လုပ်မိုင်းများအား တပ်မတော်မှ ရှင်းလင်း

Share this post

ရန်ကုန်၊သြဂုတ် -၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၁ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် နားမတ်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ လားရှိုး-နမ္မတူ သွားကားလမ်းပေါ်ရှိ နမ့်စီဝေါ ဘေလီတံတား အရှည် ၄၀ ပေ၊ အနံ ၁၄ ပေရှိ ကြမ်းခင်းအောက်၌ မိုင်းထောင်ထားကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက သွားရောက် ရှင်းလင်းရာ တံတားတစ်ဖက်တစ်ချက်စီတွင် TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက ဖောက်ခွဲဖျက်ဆီးရန် အသင့်ထောင်ထားသည့် အလျား ၁၀ လက်မ၊ အနံ ၁၀ လက်မ၊ အမြင့် ၁၀ လက်မ သံပုံးဖြင့် ထောင်ထားသော လက်လုပ်မိုင်း ၂ လုံး(ဖြူးစ် ၂ ခုနှင့် ၀ါယာကြိုးအရှည် ၄ ပေစီ တွဲလျက်ပါ)အား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၆ နာရီ ၃၅ မိနစ်တွင် သက်မဲ့ပြုလုပ်ပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် အဆိုပါဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေး၊ အန္တရာယ်မဖြစ်စေရေးတို့အတွက် မိုင်းရှင်းလင်းပေးခြင်း၊ သောင်းကျန်းသူများ ဖောက်ခွဲဖျက်စီးမှုကြောင့် လမ်းကြောင်း ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာများအားလည်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းများဆောင်ရွက်ပေးနိုင်ခဲ့သည်။

အဆိုပါ တံတားဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။


Share this post