• Follow Us on
Latest News

Home နယူးဇီလန္ေလတပ္က စူပါဟာက်ဴလီ သယ္ယူ ပို႔ေဆာင္ေရးေလယာဉ္ ငါးစင္း လက္ခံ ရရွိမည္

နယူးဇီလန္ေလတပ္က စူပါဟာက်ဴလီ သယ္ယူ ပို႔ေဆာင္ေရးေလယာဉ္ ငါးစင္း လက္ခံ ရရွိမည္

Share this post

ႏိုင္ငံတကာ၊ ဇြန္ ၈

နယူးဇီလန္ေလတပ္က C130-H ဟာက်ဴလီေလယာဉ္မ်ားေနရာတြင္ C-130J-30 စူပါဟာက်ဴလီေလ ယာဉ္ငါးစင္းျဖင့္ အစားထိုးရန္ စီစဉ္ေနေၾကာင္း ကာကြယ္ေရးဝန္ႀကီး ရြန္မတ္ခ္က ေၾကညာလိုက္သည္။

ကာကြယ္ေရးဝန္ႀကီး ရြန္မတ္ခ္က ဇြန္လ ၅ ရက္တြင္ ေတာ္ဝင္ နယူးဇီလန္ေလတပ္အေျခစိုက္စခန္း Whenuapai ၌ C-130J-30 စူပါဟာက်ဴလီ သယ္ယူပို႔ေဆာင္ေရးေလယာဉ္ငါးစင္း ဝယ္ယူမည့္အစီအစဉ္ကို အ တည္ျပဳခဲ့ျခင္းျဖစ္သည္။

“နယူးဇီလန္ႏိုင္ငံသား မ်ိဳးဆက္ေတြက ဟာက်ဴလီေလယာဉ္ေတြနဲ႔ ႀကီးျပင္းလာခဲ့တာျဖစ္ၿပီး အဲဒီေလ ယာဉ္ေတြက တုံ႔ျပန္မႈေဆာင္ရြက္ရာမွာ ေရွ႕ဆုံးကပါဝင္တယ္ဆိုတာ သူတို႔ သိၾကပါတယ္” ဟု ရြန္မတ္ခ္က ေျပာ သည္။

နယူးဇီလန္ဟာရဲသတင္းစာ၏ ေဖာ္ျပခ်က္အရ အေမရိကန္ေဒၚလာ ၁ ဒသမ ၅၂၁ ဘီလီယံတန္ေၾကးရွိ စီမံကိန္း၏ တစ္စိတ္တစ္ေဒသအျဖစ္ နယူးဇီလန္ေလတပ္က ၂၀၂၄ ခုႏွစ္တြင္ C-130J-30 စူပါဟာက်ဴလီ သယ္ ယူပို႔ေဆာင္ေရးေလယာဉ္ငါးစင္း လက္ခံရရွိမည္ျဖစ္ၿပီး ၂၀၂၅ ခုႏွစ္တြင္ အသုံးျပဳႏိုင္မည္ျဖစ္သည္။

C-130J-30 စူပါဟာက်ဴလီေလယာဉ္မွာ လူသားမ်ား၏ လိုအပ္ခ်က္မ်ား၊ ေထာက္ပံ့ေရးကုန္က်စရိတ္မ်ား ေလ်ာ့ခ်ရန္ ေနာက္ဆုံးေပၚ အဆင့္ျမင့္နည္းပညာ အသုံးျပဳထားရာ ယခင္အမ်ိဳးအစားမ်ားထက္ စြမ္းေဆာင္ရည္ ပိုမိုျမင့္မားသည္။

ကိုးကား -Defence Blog

Ref; New Zealand Air Force to receive five new C-130J-30 Super Hercules aircraft

#PeopleMedia

(unicode)
နယူးဇီလန်လေတပ်က စူပါဟာကျူလီ သယ်ယူ ပို့ဆောင်ရေးလေယာဉ် ငါးစင်း လက်ခံ ရရှိမည်
……………………………………………………………………………

နိုင်ငံတကာ၊ ဇွန် ၈

နယူးဇီလန်လေတပ်က C130-H ဟာကျူလီလေယာဉ်များနေရာတွင် C-130J-30 စူပါဟာကျူလီလေ ယာဉ်ငါးစင်းဖြင့် အစားထိုးရန် စီစဉ်နေကြောင်း ကာကွယ်ရေးဝန်ကြီး ရွန်မတ်ခ်က ကြေညာလိုက်သည်။

ကာကွယ်ရေးဝန်ကြီး ရွန်မတ်ခ်က ဇွန်လ ၅ ရက်တွင် တော်ဝင် နယူးဇီလန်လေတပ်အခြေစိုက်စခန်း Whenuapai ၌ C-130J-30 စူပါဟာကျူလီ သယ်ယူပို့ဆောင်ရေးလေယာဉ်ငါးစင်း ဝယ်ယူမည့်အစီအစဉ်ကို အ တည်ပြုခဲ့ခြင်းဖြစ်သည်။

“နယူးဇီလန်နိုင်ငံသား မျိုးဆက်တွေက ဟာကျူလီလေယာဉ်တွေနဲ့ ကြီးပြင်းလာခဲ့တာဖြစ်ပြီး အဲဒီလေ ယာဉ်တွေက တုံ့ပြန်မှုဆောင်ရွက်ရာမှာ ရှေ့ဆုံးကပါဝင်တယ်ဆိုတာ သူတို့ သိကြပါတယ်” ဟု ရွန်မတ်ခ်က ပြော သည်။

နယူးဇီလန်ဟာရဲသတင်းစာ၏ ဖော်ပြချက်အရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂၁ ဘီလီယံတန်ကြေးရှိ စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် နယူးဇီလန်လေတပ်က ၂၀၂၄ ခုနှစ်တွင် C-130J-30 စူပါဟာကျူလီ သယ် ယူပို့ဆောင်ရေးလေယာဉ်ငါးစင်း လက်ခံရရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။

C-130J-30 စူပါဟာကျူလီလေယာဉ်မှာ လူသားများ၏ လိုအပ်ချက်များ၊ ထောက်ပံ့ရေးကုန်ကျစရိတ်များ လျော့ချရန် နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာ အသုံးပြုထားရာ ယခင်အမျိုးအစားများထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားသည်။

ကိုးကား -Defence Blog

Ref; New Zealand Air Force to receive five new C-130J-30 Super Hercules aircraft

#PeopleMedia


Share this post