• Follow Us on

Home နယူးဇီလန္ႏိုင္ငံက စက္တင္ဘာ ၂၁ ရက္မွစ၍ ဗိုင္းရပ္စ္ကန္႔သတ္ခ်က္မ်ား ႐ုတ္သိမ္းမည္ဟု ဝန္ႀကီးခ်ဳပ္ ဂ်ာစင္ဒါ ေျပာ

နယူးဇီလန္ႏိုင္ငံက စက္တင္ဘာ ၂၁ ရက္မွစ၍ ဗိုင္းရပ္စ္ကန္႔သတ္ခ်က္မ်ား ႐ုတ္သိမ္းမည္ဟု ဝန္ႀကီးခ်ဳပ္ ဂ်ာစင္ဒါ ေျပာ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၄

ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈဒုတိယလႈိင္း အဓိကျဖစ္ပြားရာ အႀကီးမားဆုံးၿမိဳ႕ေတာ္ ေအာ့ကလန္ၿမိဳ႕မွလြဲ ၍ တိုင္းျပည္တစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကန္႔သတ္ခ်က္မ်ားကို စက္တင္ဘာလ ၂၁ ရက္မွစ၍ နယူးဇီလန္ႏိုင္ငံက ႐ုတ္သိမ္းမည္ျဖစ္သည္။

ေအာ့ကလန္ၿမိဳ႕ေတာ္၏ ကို႐ိုနာဗိုင္းရပ္စ္ ကန္႔သတ္ခ်က္မ်ားကို လာမည့္အပတ္တြင္ ျပန္လည္သုံးသပ္ မည္ဟု နယူးဇီလန္ဝန္ႀကီးခ်ဳပ္ ဂ်ာစင္ဒါအာဒန္က ေျပာၾကားခဲ့သည္။

ေလယာဉ္မ်ားေပၚ လေပါင္းမ်ားစြာၾကာ ကန္႔သတ္ခဲ့သည့္ ခပ္ခြာခြာေနစည္းမ်ဉ္းမ်ားအားလုံး အစိုးရက ေျဖေလွ်ာ့မည္ဟု ဂ်ာစင္ဒါက ဆိုသည္။

“ဒီအေျပာင္းအလဲက နယူးဇီလန္ေလေၾကာင္းလိုင္းနဲ႔ ခရီးသြားအေရအတြက္ တိုးျမႇင့္လာဖို႔ႀကိဳးပမ္းေနတဲ့ နယူးဇီလန္ႏိုင္ငံက ေဒသအခ်ိဳ႕အတြက္ တစ္ကယ့္ ကြဲျပားမႈတစ္ခု ျဖစ္ေစပါမယ္” ဟု ေရြးေကာက္ပြဲ မဲဆြယ္စည္း ႐ုံးေရးခရီးစဉ္တစ္ခုအတြင္း ဒန္ဒင္းၿမိဳ႕ေတာ္၌က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတစ္ခု၌ ၄င္းက ေျပာသည္။

အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းအားလုံး အသုံးျပဳသူမ်ား ႏွာေခါင္းစည္း မ်ား မျဖစ္မေန တပ္ဆင္ရမည္ျဖစ္သည္။

လူဦးေရ ၅ သန္းရွိရာ နယူးဇီလန္ႏိုင္ငံက ကိုဗစ္-၁၉ ေရာဂါ ျပည္တြင္းကူးစက္မႈ တားဆီးရာတြင္ ေအာင္ ျမင္မႈရရွိခဲ့ေသာ္လည္း ျသဂုတ္လအတြင္း ေအာ့ကလန္ၿမိဳ႕၌ ဗိုင္းရပ္စ္ကူးစက္မႈ တစ္ေက်ာ့ျပန္ျဖစ္ပြားမႈေၾကာင့္ အစိုးရက ေအာ့ကလန္ၿမိဳ႕၌ အသြားအလာကန္႔သတ္မႈ ျပဳလုပ္ခဲ့သည္။

ေအာက္တိုဘာလ ၁၇ ရက္တြင္ အေထြေထြေရြးေကာက္ပြဲဝင္မည့္ ဝန္ႀကီးခ်ဳပ္ ဂ်ာစင္ဒါက ယခုလအ တြင္း ကန္႔သတ္ခ်က္မ်ား ေလွ်ာ့ေပါ႔ခဲ့ေသာ္လည္း ေအာ့ကလန္ၿမိဳ႕၌ လူ ၁၀ ဦးပို၍ စုေဝးခြင့္မျပဳေပ။

နယူးဇီလန္အစိုးရက ေအာ့ကလန္ၿမိဳ႕၌ ခ်မွတ္ထားေသာ လက္ရွိကန္႔သတ္ခ်က္မ်ားကို စက္တင္ဘာလ ၂၁ ရက္တြင္ ျပန္လည္သုံးသပ္မည္ျဖစ္ၿပီး အေျပာင္းအလဲျပဳလုပ္ပါက စက္တင္ဘာလ ၂၃ ရက္မွစ၍ အာဏာ တည္မည္ျဖစ္သည္။

နယူးဇီလန္ႏိုင္ငံက ယေန႔ ကို႐ိုနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈသစ္ တစ္ခုေတြ႕ရွိေၾကာင္း ေၾကညာခဲ့ရာ ကူးစက္လူနာ စုစုေပါင္း ၁၄၄၇ ဦးႏွင့္ ေသဆုံးသူ ၂၄ ဦးအထိ ရွိလာခဲ့ၿပီျဖစ္သည္။

ကိုးကား – ႐ိုက္တာ

Ref; New Zealand to lift coronavirus curbs in most of country on Sept 21

#PeopleMedia

(unicode)
နယူးဇီလန်နိုင်ငံက စက်တင်ဘာ ၂၁ ရက်မှစ၍ ဗိုင်းရပ်စ်ကန့်သတ်ချက်များ ရုတ်သိမ်းမည်ဟု ဝန်ကြီးချုပ် ဂျာစင်ဒါ ပြော
…………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒုတိယလှိုင်း အဓိကဖြစ်ပွားရာ အကြီးမားဆုံးမြို့တော် အော့ကလန်မြို့မှလွဲ ၍ တိုင်းပြည်တစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကို စက်တင်ဘာလ ၂၁ ရက်မှစ၍ နယူးဇီလန်နိုင်ငံက ရုတ်သိမ်းမည်ဖြစ်သည်။

အော့ကလန်မြို့တော်၏ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကို လာမည့်အပတ်တွင် ပြန်လည်သုံးသပ် မည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က ပြောကြားခဲ့သည်။

လေယာဉ်များပေါ် လပေါင်းများစွာကြာ ကန့်သတ်ခဲ့သည့် ခပ်ခွာခွာနေစည်းမျဉ်းများအားလုံး အစိုးရက ဖြေလျှော့မည်ဟု ဂျာစင်ဒါက ဆိုသည်။

“ဒီအပြောင်းအလဲက နယူးဇီလန်လေကြောင်းလိုင်းနဲ့ ခရီးသွားအရေအတွက် တိုးမြှင့်လာဖို့ကြိုးပမ်းနေတဲ့ နယူးဇီလန်နိုင်ငံက ဒေသအချို့အတွက် တစ်ကယ့် ကွဲပြားမှုတစ်ခု ဖြစ်စေပါမယ်” ဟု ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးခရီးစဉ်တစ်ခုအတွင်း ဒန်ဒင်းမြို့တော်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ၄င်းက ပြောသည်။

အများပြည်သူနှင့်သက်ဆိုင်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံး အသုံးပြုသူများ နှာခေါင်းစည်း များ မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်သည်။

လူဦးရေ ၅ သန်းရှိရာ နယူးဇီလန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု တားဆီးရာတွင် အောင် မြင်မှုရရှိခဲ့သော်လည်း သြဂုတ်လအတွင်း အော့ကလန်မြို့၌ ဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် အစိုးရက အော့ကလန်မြို့၌ အသွားအလာကန့်သတ်မှု ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၁၇ ရက်တွင် အထွေထွေရွေးကောက်ပွဲဝင်မည့် ဝန်ကြီးချုပ် ဂျာစင်ဒါက ယခုလအ တွင်း ကန့်သတ်ချက်များ လျှော့ပေါ့ခဲ့သော်လည်း အော့ကလန်မြို့၌ လူ ၁၀ ဦးပို၍ စုဝေးခွင့်မပြုပေ။

နယူးဇီလန်အစိုးရက အော့ကလန်မြို့၌ ချမှတ်ထားသော လက်ရှိကန့်သတ်ချက်များကို စက်တင်ဘာလ ၂၁ ရက်တွင် ပြန်လည်သုံးသပ်မည်ဖြစ်ပြီး အပြောင်းအလဲပြုလုပ်ပါက စက်တင်ဘာလ ၂၃ ရက်မှစ၍ အာဏာ တည်မည်ဖြစ်သည်။

နယူးဇီလန်နိုင်ငံက ယနေ့ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုသစ် တစ်ခုတွေ့ရှိကြောင်း ကြေညာခဲ့ရာ ကူးစက်လူနာ စုစုပေါင်း ၁၄၄၇ ဦးနှင့် သေဆုံးသူ ၂၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ကိုးကား – ရိုက်တာ

Ref; New Zealand to lift coronavirus curbs in most of country on Sept 21

#PeopleMedia


Share this post