• Follow Us on

Home နယူးဒေလီမှာရှိတဲ့ BBC ရုံးခန်းကို အိန္ဒိယအခွန်ဦးစီးဌာနအာဏာပိုင်တွေ ဝင်ရောက်စီးနင်း

နယူးဒေလီမှာရှိတဲ့ BBC ရုံးခန်းကို အိန္ဒိယအခွန်ဦးစီးဌာနအာဏာပိုင်တွေ ဝင်ရောက်စီးနင်း

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

 

အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကို ဝေဖန်ထားတဲ့သတင်းမှတ်တမ်းဗီဒီယိုထုတ်လွှင့်ပြသပြီး တစ်ပတ်အကြာမှာ နယူးဒေလီမြို့မှာရှိတဲ့ BBC ရုံးခန်းကို အိန္ဒိယအခွန်ဦးစီးဌာနဝန်ထမ်းတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

 

“ရုံးကို ဝင်ငွေခွန်ကြီးကြပ်ရေးအဖွဲ့က ဝင်ရောက်စီးနင်းတာပါ။ ဖုန်းတွေအားလုံးကို သိမ်းထားပါတယ်။” လို့ BBC ရုံးမှာရှိတဲ့ ဂျာနယ်လစ်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

 

မြို့လယ်ကောင်မှာရှိတဲ့ BBC ရုံးခန်းကို လူအဝင်အထွက်တွေခွင့်မပြုဘဲ ပိတ်ပင်တားဆီးထားဖို့ ရဲတပ်ဖွဲ့ဝင်တွေ ကို တာဝန်ချထားကြောင်း အခင်းဖြစ်နေရာကနေ AFP ဂျာနယ်လစ်တစ်ဦးက ပြောပါတယ်။

 

“ရုံးခန်းအတွင်းမှာ အစိုးရလုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်နေပါတယ်။” လို့ ၎င်းတို့ဌာနအမည်ကိုထုတ်ဖော် ပြောကြားခြင်းမပြုတဲ့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

 

၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မိုဒီတာဝန်ထမ်းဆောင်စဉ်က ဘာသာရေးအဓိကရုဏ်းတွေ ကို မသိမမြင်ချင်ယောင်ဆောင်ဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့တယ်ဆိုတဲ့အကြောင်းတွေပါဝင်တဲ့ အပိုင်းနှစ်ပိုင်းပါ သ တင်းမှတ်တမ်းဗီဒီယိုကို BBC နယူးဒေလီက ပြီးခဲ့တဲ့လက ထုတ်လွှင့်ခဲ့ပါတယ်။

 

အဲဒီအကြမ်းဖက်မှုတွေကြောင့် လူဦးရေ ၁၀၀၀ ထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးသူအများစုဟာ နိုင်ငံတွင်းမှာ ရှိတဲ့လူနည်းစု မူဆလင်တွေဖြစ်တယ်လု့ိ ဆိုပါတယ်။

 

အဲဒီသတင်းမှတ်တမ်းဗီဒီယိုဖိုင်တွေဟာ “ရန်လိုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ ဝါဒဖြန့်ချိမှုတစ်ရပ်” ဖြစ်တယ် လို့ပြောဆိုရင်း အဲဒီဗီယိုထုတ်လွှင့်ပြီးပြီးချင်း ဗီဒီယိုဖိုင်တွေကို ပိတ်ချလိုက်ပြီး တွစ်တာက မျှဝေတဲ့ လင့်တွေကို ပါ ပိတ်ပင်ထားလိုက်ပါတယ်။

 

အစိုးရကတက္ကသိုလ်ကျောင်းပရဝုဏ်တွေကို ပိတ်ထားပေမဲ့ တက္ကသိုလ်ကျောင်းသားအုပ်စုတွေကတော့ အဲဒီဗီဒီ ယိုဖိုင်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားခိုင်းတဲ့အစိုးရအမိန့်ကို အန်တုပြီး ဗီဒီယိုဖိုင်တွေကြည့်ရှုဖို့ စုဝေးလှုံ့ဆော်နေ ကြောင်းသိရပါတယ်။

 

Ref: BBC’s New Delhi office raided by Indian tax authorities

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 


 

Ref: BBC’s New Delhi office raided by Indian tax authorities

 

#PeopleMedia


Share this post