• Follow Us on

Home နယူးေယာက္ၿမိဳ႕တြင္ COVID-19 ေရာဂါကူးစက္မႈေလွ်ာ့ခ်ေရး အစီအမံမ်ားခ်မွတ္

နယူးေယာက္ၿမိဳ႕တြင္ COVID-19 ေရာဂါကူးစက္မႈေလွ်ာ့ခ်ေရး အစီအမံမ်ားခ်မွတ္

Share this post

နယူးေယာက္၊ ႏို၀င္ဘာ ၁၂

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈထိန္းခ်ဳပ္ႏိုင္ရန္ရည္႐ြယ္ၿပီး နယူးေယာက္ၿမိဳ႕တြင္ကန္႔သတ္မႈအသစ္မ်ားခ်မွတ္လိုက္ၿပီး ၿမိဳ႕ေတာ္ ေဘလ္ ဒီဘလာစီယိုက ထိုကန္႔သတ္မ်ားသည္ ဒုတိယလႈိင္းကိုရပ္တန္႔ရန္ ေနာက္ဆံုးအခြင့္အေရးျဖစ္သည္ဟု သတိေပးသည္။

ဘားဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ အားကစားခန္းမမ်ားသည္ ည ၁၀ နာရီတြင္ေနာက္ဆံုးထားၿပီးပိတ္ရမည္ျဖစ္ၿပီး လူ ၁၀ ေယာက္ထပ္ပို၍စုေ၀းခြင့္မ႐ွိေပ။

အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္တက္ေနၿပီး ဗုဒၶဟူးေန႔တြင္ အေမရိကန္ႏိုင္ငံသား ၆၅၃၆၈ ေယာက္ ေဆး႐ံုတက္ခဲ့ျခင္းသည္ စံခ်ိန္တင္ျဖစ္ရပ္ျဖစ္သည္။

ထို႔အျပင္ ထိုေန႔တြင္ပင္ အေမရိကန္တြင္ အတည္ျပဳလူနာ ၁၄၄၂၇၀ ေယာက္႐ွိခဲ့သည္။

လက္႐ွိတြင္ အေမရိကန္၌ ပ်မ္းမွ်တေန႔လွ်င္ လူ ၉၀၀ ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆံုးေနသည္။

ႏို၀င္ဘာလအတြင္း အတည္ျပဳလူနာ ၁ သန္းေက်ာ္ေၾကာင့္ ႏိုင္ငံတ၀န္းတြင္ အတည္ျပဳလူနာ ၁၀ သန္းေက်ာ္႐ွိခဲ့ၿပီး ေသဆံုးသူ ၂၃၃၀၈၀ ေက်ာ္႐ွိေနသည္။

၄ ပတ္မွ ၆ ပတ္အထိ အလံုပိတ္ကန္႔သတ္မႈမ်ားလုပ္ပါက ကမာၻ႔ကပ္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔တြင္ သမၼတအျဖစ္ေ႐ြးေကာက္ခံထားရေသာ ဂ်ိဳး ဘိုင္ဒန္၏ COVID-19 ေရာဂါဆိုင္ရာအၾကံေပးအဖြဲ႔က ေျပာသည္။

Ref : Coronavirus: New York imposes measures in ‘last chance’ against new wave

#PeopleMedia

(unicode)
နယူးယောက်မြို့တွင် COVID-19 ရောဂါကူးစက်မှုလျှော့ချရေး အစီအမံများချမှတ်
……………………………………………

နယူးယောက်၊ နိုဝင်ဘာ ၁၂

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး နယူးယောက်မြို့တွင်ကန့်သတ်မှုအသစ်များချမှတ်လိုက်ပြီး မြို့တော် ဘေလ် ဒီဘလာစီယိုက ထိုကန့်သတ်များသည် ဒုတိယလှိုင်းကိုရပ်တန့်ရန် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟု သတိပေးသည်။

ဘားဆိုင်များ၊ စားသောက်ဆိုင်များနှင့် အားကစားခန်းမများသည် ည ၁၀ နာရီတွင်နောက်ဆုံးထားပြီးပိတ်ရမည်ဖြစ်ပြီး လူ ၁၀ ယောက်ထပ်ပို၍စုဝေးခွင့်မရှိပေ။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်နေပြီး ဗုဒ္ဓဟူးနေ့တွင် အမေရိကန်နိုင်ငံသား ၆၅၃၆၈ ယောက် ဆေးရုံတက်ခဲ့ခြင်းသည် စံချိန်တင်ဖြစ်ရပ်ဖြစ်သည်။

ထို့အပြင် ထိုနေ့တွင်ပင် အမေရိကန်တွင် အတည်ပြုလူနာ ၁၄၄၂၇၀ ယောက်ရှိခဲ့သည်။

လက်ရှိတွင် အမေရိကန်၌ ပျမ်းမျှတနေ့လျှင် လူ ၉၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးနေသည်။

နိုဝင်ဘာလအတွင်း အတည်ပြုလူနာ ၁ သန်းကျော်ကြောင့် နိုင်ငံတဝန်းတွင် အတည်ပြုလူနာ ၁၀ သန်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၂၃၃၀၈၀ ကျော်ရှိနေသည်။

၄ ပတ်မှ ၆ ပတ်အထိ အလုံပိတ်ကန့်သတ်မှုများလုပ်ပါက ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် သမ္မတအဖြစ်ရွေးကောက်ခံထားရသော ဂျိုး ဘိုင်ဒန်၏ COVID-19 ရောဂါဆိုင်ရာအကြံပေးအဖွဲ့က ပြောသည်။

Ref : Coronavirus: New York imposes measures in ‘last chance’ against new wave

#PeopleMedia


Share this post