• Follow Us on

Home နယူးေယာက္ၿမိဳ႕ေတာ္၀န္ေဟာင္း ဘလြန္းဘက္ဂ္ ေရြးေကာက္ပြဲမဲဆြယ္ စည္း႐ုံးေရးစတင္

နယူးေယာက္ၿမိဳ႕ေတာ္၀န္ေဟာင္း ဘလြန္းဘက္ဂ္ ေရြးေကာက္ပြဲမဲဆြယ္ စည္း႐ုံးေရးစတင္

Share this post

နယူးေယာက္စီးတီးၿမိဳ႕ေတာ္၀န္ေဟာင္း မိုက္ကယ္ဘလြန္းဘက္ဂ္ဟာ ၂၀၂၀ ခုႏွစ္ အေမရိကန္သမၼတ ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရးကမ္ပိန္းကို ႏို၀င္ဘာ ၂၄ ရက္ေန႔က ေၾကညာခဲ့ပါတယ္။

အသက္ ၇၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဘလြန္းဘက္ဂ္ဟာ သမၼတေရြးေကာက္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မယ့္အေၾကာင္း ၄င္းရဲ႕ ကမ္ပိန္း၀က္ဆိုက္မွာ ေရးသားေဖာ္ျပခဲ့ၿပီး တြစ္တာမွာလည္း တစ္မိနစ္ၾကာ ကမ္ပိန္းေၾကညာကို တင္ထားပါ တယ္။

ေဒၚနယ္ထရမ့္ကို အႏုိင္ယူၿပီး အေမရိကကို ျပန္လည္တည္ေဆာက္ဖို႔အတြက္ သမၼတေရြးေကာက္ပြဲကို ၀င္ ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္တယ္လို႔ ဘလြန္းဘက္ဂ္က ကမ္ပိန္း၀က္ဆုိက္မွာ ေရးသားထားပါတယ္။

ဒါ့အျပင္ ၄င္းရဲ႕စီးပြားေရးနယ္ပယ္၊ အစိုးရလုပ္ငန္းေတြက အေတြ႕အႀကံဳေတြနဲ႔ အႏိုင္ယူဦးေဆာင္ႏုိင္လိမ့္မယ္ လို႔ ယံုၾကည္ေၾကာင္းလည္း ဘလြန္းဘက္ဂ္က ေရးသားထားပါတယ္။

ဘလြန္းဘက္ဂ္ရဲ႕ မဲဆြယ္စည္းရံုးေရး ကမ္္ပိန္းေၾကညာထဲမွာ ခ်မ္းသာၾကြယ္၀သူေတြက အခြန္ပိုေပးေဆာင္ ဖို႔လိုၿပီး၊ လူလတ္တန္းစားေတြအေနနဲ႔ သင့္တင့္ေလ်ာက္ပတ္တဲ့ အခြန္ေပးေဆာင္ရမွာျဖစ္သလို လူတိုင္း က်န္းမာေရးအာမခံခ်က္ရရွိရမယ္လို႔ ေၾကြးေၾကာ္ထားပါတယ္။

Ref;CAN

#PeopleMedia #International

(Unicode)
နယူးယောက်မြို့တော်ဝန်ဟောင်း ဘလွန်းဘက်ဂ် ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးစတင်
………………………………………………………………

နယူးယောက်စီးတီးမြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘက်ဂ်ဟာ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကမ်ပိန်းကို နိုဝင်ဘာ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဘလွန်းဘက်ဂ်ဟာ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အကြောင်း ၄င်းရဲ့ ကမ်ပိန်းဝက်ဆိုက်မှာ ရေးသားဖော်ပြခဲ့ပြီး တွစ်တာမှာလည်း တစ်မိနစ်ကြာ ကမ်ပိန်းကြေညာကို တင်ထားပါ တယ်။

ဒေါ်နယ်ထရမ့်ကို အနိုင်ယူပြီး အမေရိကကို ပြန်လည်တည်ဆောက်ဖို့အတွက် သမ္မတရွေးကောက်ပွဲကို ဝင် ရောက်ယှဉ်ပြိုင်ခြင်းဖြစ်တယ်လို့ ဘလွန်းဘက်ဂ်က ကမ်ပိန်းဝက်ဆိုက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ၄င်းရဲ့စီးပွားရေးနယ်ပယ်၊ အစိုးရလုပ်ငန်းတွေက အတွေ့အကြုံတွေနဲ့ အနိုင်ယူဦးဆောင်နိုင်လိမ့်မယ် လို့ ယုံကြည်ကြောင်းလည်း ဘလွန်းဘက်ဂ်က ရေးသားထားပါတယ်။

ဘလွန်းဘက်ဂ်ရဲ့ မဲဆွယ်စည်းရုံးရေး ကမ်ပိန်းကြေညာထဲမှာ ချမ်းသာကြွယ်ဝသူတွေက အခွန်ပိုပေးဆောင် ဖို့လိုပြီး၊ လူလတ်တန်းစားတွေအနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ အခွန်ပေးဆောင်ရမှာဖြစ်သလို လူတိုင်း ကျန်းမာရေးအာမခံချက်ရရှိရမယ်လို့ ကြွေးကြော်ထားပါတယ်။

Ref;CAN

#PeopleMedia #International


Share this post