• Follow Us on

Home နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီး သေနတ်သမားနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွား

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီး သေနတ်သမားနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃ (People Media)

 

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်ဝင်ပေါက်အနီးတွင် ဒီဇင်ဘာ ၂ ရက်က သေနတ်ကိုင် အမျိုးသားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ရာ ကုလသမဂ္ဂရုံးချုပ်အား အချိန်အတိုင်းအတာတစ်ခုထိ ပိတ်ဆို့ထားရကြောင်း၊ အချိန် ၂ နာရီခွဲကြာ ထိပ်တိုက်ရင်ဆိုင်မှုများအပြီး ၎င်းအမျိုးသားက ရဲတပ်ဖွဲ့ထံသို့ လက်နက်ချခဲ့ကြောင်း သိရသည်။

 

နယူးယောက်ရဲတပ်ဖွဲ့၏သတင်းများအရ အဆိုပါအမျိုးသားသည် ဒေသစံတော်ချိန် ဒီဇင်ဘာ ၂ ရက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကုလသမဂ္ဂရုံးချုပ်ပြင်ပ Manhattan အမှတ် ၄၂ လမ်းမကြီးနှင့် 1st Avenue လမ်းထောင့်မှ ထွက်လာခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ချိန် အများစုတွင် ယင်းအမျိုးသားက ကုလသမဂ္ဂရုံး ချုပ်အဝင်ဝအနီးတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး သေနတ်အား မိမိမေးစေ့တွင် တေ့ထားခြင်း ဖြစ် ကြောင်း သိရသည်။

 

ရဲတပ်ဖွဲ့က အနီးရှိ လမ်းကြောင်းများကို ပိတ်ဆို့ပြီး အရေးပေါ်နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ သည်။ အချင်းဖြစ်ပွားသည့်နေရာအား ရဲကား၊ ကယ်ဆယ်ရေးယာဉ်နှင့် လက်နက်အပြည့်တပ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်။

 

၁၃ နာရီကျော်ခန့်တွင် ယင်းအမျိုးသားက စာရွက်စာတမ်းတစ်ခု ထုတ်ပေးပြီး ကုလသမဂ္ဂသို့ ပေးပို့ရန် တောင်း ဆိုခဲ့ကြောင်း၊ ၁၃ နာရီ ၄၀ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့က ကုလသမဂ္ဂသက်ဆိုင်ရာလူပုဂ္ဂိုလ်အား ယင်းစာရွက်ကို လွှဲပြောင်းပြီးနောက် ၎င်းအမျိုးသားအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းများအရ သိရသည်။

 

ရဲတပ်ဖွဲ့ဝင်များ အချင်းဖြစ်နေရာမှထွက်ခွာသွားပြီဖြစ်ကြောင်း၊ ပုံမှန်အလုပ်ပြန်လုပ်ကြရန် အကြုံပြုကြောင်း ကုလသမဂ္ဂက ၁၃ နာရီ ၅၅ မိနစ်တွင် အီးမေးလ်ဖြင့် သက်ဆိုင်ရာလူပုဂ္ဂိုလ်များအား အကြောင်းကြားခဲ့သည်။ ကုလအဆောက်အဦအား ပိတ်ဆို့စဉ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို လုံခြုံသည့် နေရာကို ခေါ်ဆောင်ထားကြောင်း၊ ကုလသမဂ္ဂဝန်ထမ်းနှင့် အဆောက်အဦအတွင်းအလုပ်လုပ်နေသူများ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်းမရှိခဲ့ကြောင်း ကုလသမဂ္ဂရုံးက ဆိုသည်။   (

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………

 


 


 


 


 


 


 

(Xinhua)

 



Share this post