• Follow Us on

Home နယ္စပ္ခိုး၀င္သူမ်ားကို မတားဆီးႏိုင္ေၾကာင္း ထိုင္းစစ္တပ္၀န္ခံ

နယ္စပ္ခိုး၀င္သူမ်ားကို မတားဆီးႏိုင္ေၾကာင္း ထိုင္းစစ္တပ္၀န္ခံ

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တရားမ၀င္၀င္ေရာက္သူမ်ားကိုတားဆီးရန္ ထိုင္းနယ္စပ္ကိုအျပည့္အ၀မပိတ္ႏိုင္ေၾကာင္း ထိုင္းစစ္တပ္က တနလၤာေန႔ တြင္၀န္ခံသည္။
 
နယ္စပ္အ႐ွည္ ၅၅၆၂ ကီလိုမီတာ႐ွိသျဖင့္ စစ္သားမ်ားေနရာခ်ထားေသာ္လည္း တရားမ၀င္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားက ေတာလမ္းမ်ားမွနယ္စပ္ျဖတ္ေနၾကေသးသည္ဟု ထိုင္းဒုတိယစစ္ဦးစီးခ်ဳပ္ႏွင့္ ေျပာခြင့္ရသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္တီေပါင္ သမ္မာပီယာကေျပာသည္။
 
တက္၊ ခ်င္း႐ိုင္ႏွင့္ ကန္ခ်ာနာဘူရီတို႔ကဲ့သို႔ နယ္စပ္အေပါက္မ်ားသည့္ေနရာမ်ားမွတဆင့္ ျမန္မာႏိုင္ငံသားမ်ား ထိုင္းဘက္သို႔ ခိုး၀င္ေနၾကေၾကာင္းလည္း သူက၀န္ခံသည္။
 
အႏၲရာယ္မ်ားသည့္ေနရာမ်ားကို ဒ႐ုန္းမ်ား၊ လွည့္ကင္းအဖြဲ႔မ်ားႏွင့္ သံဆူးႀကိဳးတပ္ၿခံစည္း႐ိုးမ်ားအပါအ၀င္ အရင္းအျမစ္မ်ား ထပ္တိုးသြားမည္ဟုလည္း သူကကတိျပဳသည္။
 
ထိုခ႐ိုင္ ၃ ခုတြင္ ျမန္မာႏိုင္ငံသား ၂၇၉ ေယာက္ကို ထိုင္းစစ္တပ္ကမၾကာေသးမီအခ်ိန္အတြင္းဖမ္းဆီးခဲ့ၿပီး သူတို႔ကိုျပန္ပို႔ခဲ့ၿပီး ေၾကာင္းလည္း အသိေပးသည္။
 
ဆာမြတ္ဆာခြန္တြင္ အာဏာပိုင္မ်ား၏ေစာင့္ၾကည့္စစ္ေဆးမႈမ်ားႏွင့္စစ္ေဆးေရးဂိတ္စြမ္းရည္မ်ားႁမွင့္တင္ရန္ စစ္သား ၂၀၀ ေစလႊတ္ထားေၾကာင္းလည္း အသိေပးသည္။
 
တနလၤာေန႔အထိ ဆာမြတ္ဆာခြန္တြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၈၂၁ ေယာက္႐ွိေနၿပီး ၇၈၈ ေယာက္မွာ ေ႐ႊ႕ေျပာင္း လုပ္သားမ်ားျဖစ္ကာ ၃၃ ေယာက္က ထိုင္းႏိုင္ငံသားမ်ားျဖစ္သည္။
 
Ref : We cannot stop them all
#PeopleMedia
 
(unicode)
နယ်စပ်ခိုးဝင်သူများကို မတားဆီးနိုင်ကြောင်း ထိုင်းစစ်တပ်ဝန်ခံ
……………………………
 
ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တရားမဝင်ဝင်ရောက်သူများကိုတားဆီးရန် ထိုင်းနယ်စပ်ကိုအပြည့်အဝမပိတ်နိုင်ကြောင်း ထိုင်းစစ်တပ်က တနင်္လာနေ့ တွင်ဝန်ခံသည်။
 
နယ်စပ်အရှည် ၅၅၆၂ ကီလိုမီတာရှိသဖြင့် စစ်သားများနေရာချထားသော်လည်း တရားမဝင်ရွှေ့ပြောင်းလုပ်သားများက တောလမ်းများမှနယ်စပ်ဖြတ်နေကြသေးသည်ဟု ထိုင်းဒုတိယစစ်ဦးစီးချုပ်နှင့် ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီပေါင် သမ်မာပီယာကပြောသည်။
 
တက်၊ ချင်းရိုင်နှင့် ကန်ချာနာဘူရီတို့ကဲ့သို့ နယ်စပ်အပေါက်များသည့်နေရာများမှတဆင့် မြန်မာနိုင်ငံသားများ ထိုင်းဘက်သို့ ခိုးဝင်နေကြကြောင်းလည်း သူကဝန်ခံသည်။
 
အန္တရာယ်များသည့်နေရာများကို ဒရုန်းများ၊ လှည့်ကင်းအဖွဲ့များနှင့် သံဆူးကြိုးတပ်ခြံစည်းရိုးများအပါအဝင် အရင်းအမြစ်များ ထပ်တိုးသွားမည်ဟုလည်း သူကကတိပြုသည်။
 
ထိုခရိုင် ၃ ခုတွင် မြန်မာနိုင်ငံသား ၂၇၉ ယောက်ကို ထိုင်းစစ်တပ်ကမကြာသေးမီအချိန်အတွင်းဖမ်းဆီးခဲ့ပြီး သူတို့ကိုပြန်ပို့ခဲ့ပြီး ကြောင်းလည်း အသိပေးသည်။
 
ဆာမွတ်ဆာခွန်တွင် အာဏာပိုင်များ၏စောင့်ကြည့်စစ်ဆေးမှုများနှင့်စစ်ဆေးရေးဂိတ်စွမ်းရည်များမြှင့်တင်ရန် စစ်သား ၂၀၀ စေလွှတ်ထားကြောင်းလည်း အသိပေးသည်။
 
တနင်္လာနေ့အထိ ဆာမွတ်ဆာခွန်တွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၂၁ ယောက်ရှိနေပြီး ၇၈၈ ယောက်မှာ ရွှေ့ပြောင်း လုပ်သားများဖြစ်ကာ ၃၃ ယောက်က ထိုင်းနိုင်ငံသားများဖြစ်သည်။
 
Ref : We cannot stop them all
 
#PeopleMedia

Share this post