• Follow Us on

Home နယ်စပ်တွင် တပ်ဖွဲ့ဝင်များနေရာယူမှုနောက်ခံရှိနေချိန်တွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ယနေ့တွေ့ဆုံဆွေးနွေးမည်


Share this post

ဒါကာ၊ အောက်တိုဘာ ၈






တပ်ဖွဲ့များဖြန့်ကျက်နေရာချမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။


#Peoplemedia

(Unicode)
နယ်စပ်တွင် တပ်ဖွဲ့ဝင်များနေရာယူမှုနောက်ခံရှိနေချိန်တွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ယနေ့တွေ့ဆုံဆွေးနွေးမည်
……………………………………………………

ဒါကာ၊ အောက်တိုဘာ ၈

နှစ်နိုင်ငံနယ်စပ်အနီး မြန်မာတပ်များဖြန့်ချထားခြင်းကိုအခြေခံ၍ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP)တို့ ကြာသပတေးနေ့တွင် တွေ့ဆုံမည်ဖြစ်သည်။

နှစ်နိုင်ငံအရေးထူးခြားဆက်ဆံရေးများသာမက နယ်စပ်တွင် မြန်မာဘက်က စစ်အင်အားဖြန့်ကျက်ခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်ကသိလိုနေကြောင်း ကော့က်စ်ဘဇားမှ BGB တပ်ရင်းမှူးက ပြောသည်။

BGB နှင့် BGP တပ်ရင်း ၃ ရင်းစီမှတပ်ရင်းမှူးများသီးသန့်အစည်းအဝေးများလည်း ပါဝင်မည်ဖြစ်သည်။

“ကြာသပတေးနေ့တွေ့ဆုံမှုမှာ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့်အပြင် မြန်မာတပ်တွေနေရာယူထားတာကိုလည်းဆွေးနွေးသွားမှာပါ။ ကော့က်စ်ဘဇားအပြင် နိုင်ခွန်ချာရီနဲ့ တက်ကနက်ကတပ်ရင်းတွေလည်းပါဝင်ဆွေးနွေးမှာပါ” ဟု အမှတ်(၃၄) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အလီဟိုင်ဒါ အဇစ် အာမက်ကပြောသည်။

မကြာသေးမီက နယ်စပ်အနီး မြန်မာက စစ်တပ်များနေရာချသဖြင့် မူလကမတည်ငြိမ်သည့် နှစ်နိုင်ငံဆက် ဆံရေးကို အနှောင့်အယှက်ဖြစ်ခဲ့သည်။

တပ်ဖွဲ့များဖြန့်ကျက်နေရာချမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။

Ref : BGB meets Myanmar’s BGP on Thursday

#Peoplemedia


Share this post