• Follow Us on

Home နယ်စပ်ကျော်လာသည့်တရုတ်စစ်သားကို အိန္ဒိယပြန်လည်လွှဲပြောင်းပေး


Share this post











(unicode)
နယ်စပ်ကျော်လာသည့်တရုတ်စစ်သားကို အိန္ဒိယပြန်လည်လွှဲပြောင်းပေး
……………………………………………

နယူးဒေလီ၊ အောက်တိုဘာ ၂၁

ဟိမဝန္တာတောင်တန်းဒေသတွင် အိန္ဒိယနယ်မြေဘက်သို့ နယ်ကျော်လာသည့်တရုတ်စစ်သား ၁ ယောက်ကို အိန္ဒိယအာဏာပိုင်များက ပြန်လည်လွှဲပြောင်းပေးသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ပီလယ်လ်အေ)စစ်သားတယောက် လာဒါ့ဒေသမှ ဒမ်ချော့သို့ရောက်လာသည်ဟု အိန္ဒိယက တနင်္လာနေ့တွင်ပြောသည်။

မျက်စိလည်လမ်းမှားပြီး ထိုစစ်သားရောက်လာပြီး ဆေးဝါးကုသမှုနှင့်အောက်စီဂျင်ပေးခဲ့ကြောင်း အိန္ဒိယကြည်းတပ်က ထုတ်ပြန်သည်။

ဇွန်လမှစတင်၍ပိုင်နက်အငြင်းပွားလာဒါ့ဒေသတွင် တရုတ်နှင့်အိန္ဒိယတို့ တင်းမာမှုများမြင့်တက်နေချိန်တွင် ယခုဖြစ်ရပ်ဖြစ်လာသည်။

အခြေအနေတင်းမာမှုလျော့ကျစေရန် နှစ်ဖက်စစ်ဘက်အရာရှိများဆွေးနွေးမှုအကြိမ်ကြိမ်ပြုလုပ်ထားသည်။

လက်ရှိသဘောတူထားသည့်လုပ်ထုံးလုပ်နည်းများအရ ထိုစစ်သားကိုပြန်လည်လွှဲပြောင်းခဲ့ခြင်းဟု အိန္ဒိယစစ်တပ်ကပြောသည်။

နယ်မြေသတ်မှတ်မှုအားနည်းသည့်နေရာတလျှောက်တွင် နှစ်နိုင်ငံတပ်ဖွဲ့များ အခါအားလျော်စွာထိတွေ့မှုဖြစ်ပွားလေ့ရှိသည်။

Ref : India-China dispute: India hands over soldier who crossed border

#PeopleMedia #International


Share this post