• Follow Us on

Home နယ္စပ္ေဒသတြင္ ေသာင္းက်န္းသူမ်ားအတြက္ ေနရာမရွိေအာင္ ပူးေပါင္းေဆာင္ရြက္သြားရန္ အိႏၵိယ၀န္ႀကီးခ်ဳပ္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ေဆြးေႏြး

နယ္စပ္ေဒသတြင္ ေသာင္းက်န္းသူမ်ားအတြက္ ေနရာမရွိေအာင္ ပူးေပါင္းေဆာင္ရြက္သြားရန္ အိႏၵိယ၀န္ႀကီးခ်ဳပ္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ေဆြးေႏြး

Share this post

ထိုင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ျပဳလုပ္ခဲ့တဲ့ အာဆီယံအစည္းအေ၀းမွာ အိႏၵိယ၀န္ႀကီးခ်ဳပ္ မိုဒီက ျမန္မာႏုိင္ငံရဲ႕ နယ္စပ္လံုၿခံဳေရးအတြက္ ႏွစ္ႏုိင္ငံၾကားပူးေပါင္းေဆာင္ ရြက္အေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။

ႏွစ္ဖက္ေခါင္းေဆာင္ႏွစ္ဦးဟာ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈေတြကို ျမွင့္တင္ဖို႔အတြက္ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းမႈဟာ အေရးႀကီးေၾကာင္း လက္ခံသေဘာတူခဲ့ၾကၿပီး ျမန္မာ-အိႏၵိယနယ္စပ္မွာ ေသာင္းက်န္သူေတြအတြက္ ေနရာမရွိေအာင္ ႏွစ္ႏုိင္ငံၾကားပူးေပါင္းေဆာင္ရြက္မႈရဲ႕ အေရးပါမႈကို အိႏၵိယ၀န္ႀကီးခ်ဳပ္ မိုဒီက အေလးထားေျပာၾကားခဲ့ပါတယ္။

လံုၿခံဳေရးအဖြဲ႕အစည္းေတြရဲ႕ အဆိုအရ ျမန္မာႏုိင္ငံအေရွ႕ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ႏွစ္ကအထိ ေသာင္း က်န္းသူအဖြဲ႕အစည္းမ်ားရဲ႕ စစ္စခန္း ၅၀ ေက်ာ္ရွိခဲ့တယ္လို႔သိရပါတယ္။ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံ စစ္ တပ္ဟာ ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္ေန႔က စတင္ၿပီး မဏိပူရ၊ နာဂလန္နဲ႔ အာသံျပည္နယ္ေတြက ေသာင္း က်န္းသူ အဖြဲ႕အစည္းေတြကို ပစ္မွတ္ထားကာ သီတင္းသံုးပတ္ၾကာ ပူးေပါင္းနယ္ေျမရွင္းလင္းေရးကို ေဆာင္ရြက္ခဲ့ၾကပါတယ္။

ႏွစ္ဖက္ေခါင္းေဆာင္ႏွစ္ဦးဟာ ႏွစ္ႏုိင္ငံနယ္စပ္လံုၿခံဳေရးကို အဓိကထားၿပီး ႏွစ္ႏုိင္ငံၾကား ပူးေပါင္း ေဆာင္ရြက္မႈေတြကိုလည္း ျမွင့္တင္သြားဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

REF; https://www.ndtv.com/

(unicode)
နယ်စပ်ဒေသတွင် သောင်းကျန်းသူများအတွက် နေရာမရှိအောင် ပူးပေါင်းဆောင်ရွက်သွားရန် အိန္ဒိယဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး
————————————————————————–

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးအတွက် နှစ်နိုင်ငံကြားပူးပေါင်းဆောင် ရွက်အကြောင်း ဆွေးနွေးခဲ့ပါတယ်။

နှစ်ဖက်ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့အတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုဟာ အရေးကြီးကြောင်း လက်ခံသဘောတူခဲ့ကြပြီး မြန်မာ-အိန္ဒိယနယ်စပ်မှာ သောင်းကျန်သူတွေအတွက် နေရာမရှိအောင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက အလေးထားပြောကြားခဲ့ပါတယ်။

လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အဆိုအရ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ကအထိ သောင်း ကျန်းသူအဖွဲ့အစည်းများရဲ့ စစ်စခန်း ၅၀ ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စစ် တပ်ဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က စတင်ပြီး မဏိပူရ၊ နာဂလန်နဲ့ အာသံပြည်နယ်တွေက သောင်း ကျန်းသူ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားကာ သီတင်းသုံးပတ်ကြာ ပူးပေါင်းနယ်မြေရှင်းလင်းရေးကို ဆောင်ရွက်ခဲ့ကြပါတယ်။

နှစ်ဖက်ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကို အဓိကထားပြီး နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း မြှင့်တင်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။

REF; https://www.ndtv.com/


Share this post